မြစ်ကြီးနား ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ဧရာဝတီမြစ်အတွင်းရှိ နောင်တာလောရေလယ်ကျွန်းပေါရှိ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဒေါင့် ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် နောင်တာလောရေလယ်ကျွန်းသို့ သွား ရောက်ခဲ့ကြပြီး ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာစိုက်ခင်းအတွက် ဆိုလာမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုး ဆောင်ရွက်ထားသည့် နေကြာစိုက်ခင်းအတွင်း နေကြာပန်းများဖြင့် ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဲသောင်ပေါ်တွင် ဖရဲသီး၊ ဖရုံသီးနှင့် ဘူးသီးပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများ၏ သဲသောင်ပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းများအတွင်း ခရမ်းချဉ်သီး၊ ခရမ်းသီးစိုက်ခင်းများ၊ ဘူးသီးနှင့် ဖရုံသီးစိုက်ခင်းများအတွင်း အသီးများဖြင့် ဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျွန်းနေ မိသားစုများ မြစ်ကြီးနားဈေးကွက်သို့ ရောင်းချလျက် စီးပွားဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်း ဆွေးနွေးကာ ခြံထွက်သီးနှံများအား ဝယ်ယူအားပေးခဲ့ပြီးဧရာဝတီမြစ်ကြောင်း ရေလယ်ကျွန်း သဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်များ လာရောက်ခိုနားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူဆိပ်ကမ်းရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းသို့ သွားရောက်ခဲ့ကြပြီး အပန်းဖြေစခန်းအတွင်း ပြည်သူများ လွတ်လပ်စွာ အနားယူအပန်းဖြေလျက်ရှိ သည့် အခြေအနေများနှင့် စခန်းအတွင်း အလှပန်းပင်များ ဖြည့်စွက်စိုက်ပျိုးနိုင်ရေးနှင့် ပြုပြင်ဆောင် ရွက်သင့်သည့် ကိစ္စရပ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။



