မြစ်ကြီးနား ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေ စံချိန်တင် မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ဖြင့် မြို့ဧရိယာ (၄၀)ရာခိုင်နှုန်းအထိ ရေကြီး နစ်မြှုပ်ခဲ့သောကြောင့် ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း မြစ်ရေကြီးမြင့်မှုဖြစ် စဉ်ကြောင့် မြို့ဧရိယာများတွင် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး မြင့်မားခဲ့ပါကြောင်း၊ နောက်တစ်ကြိမ် မြစ်ရေကြီးမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါက ပိုမိုဆုံးရှုံးနိုင်ခြေရှိသဖြင့် မြို့ မြစ်ရေဝင် ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပညာရှင်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များအတိုင်း ဦးစားပေးအလိုက် အပိုင်းလိုက် ဆောင်ရွက် သွားရမည့် လုပ်ငန်းစီမံကိန်းများကို ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများအပြင် ဒေသခံများ၏ အင်အားဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေးဆိုင်ရာ နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုသုံးသပ်ချက် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည် နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်နှင့် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဇော်ဦးတို့က မြစ်ရေ ကြီးရေလျှံမှုကြောင့်
မြစ်ကြီးနားမြို့မြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး ရေထိန်းတံခါး၊ ရေလျှံတားနံရံ၊ ကျောက်စီမြေထိန်းတမံများနှင့် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်လျက်ရှိသည့် ဦးစားပေး လုပ်ငန်း စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ မြို့မိမြို့ဖ ဒူဝါဒေါက်တာဘွမ်ယွမ်က ဧရာဝတီမြစ် ရေကြီးမြင့်သည့် အလေ့အထနှင့် မြို့သူမြို့သားများ ပူးပေါင်းပါဝင်ရမည့် ကိစ္စရပ်များကို အကြံပြုသုံးသပ်တင်ပြရာ တက်ရောက်လာကြသူများက ဆွေးနွေးသုံးသပ်တင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် မိုးမကျမီ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးအဆိုပါ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေး လုပ်ငန်းစီမံကိန်းများအား မြစ်ကြီးနားမြို့၏ စိုးရိမ် ရေမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာ ၁၂ ဒဿမ ၇၆ မိုင်အတွင်း ရေထိန်းတံခါး (၆)ခု၊ ရေလျှံတားနံရံနှင့် ကျောက်စီမြေထိန်းတမံများ၊ လမ်းမြှင့်တင်ခြင်းနှင့် မြေသားတာဘောင်တည်ဆောက်ခြင်း လုပ်ငန်းများအတွက် အပိုင်း (၆)ပိုင်းနှင့် သောင်တူးခြင်းလုပ်ငန်း (၄)နေရာတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရေကြည်ချောင်းပေါက်၊ အင်ဂျန်းချောင်း ရေထိန်းတံခါး (၂)ခု၊ မန်ခိန်ရပ်ကွက်အတွင်း ရေလျှံတားနံရံနှင့် ကျောက်စီမြေထိန်းတမံ (၁၂၆၅)ပေ တည်ဆောက်ခြင်းနှင့် ဗလမင်းထင်တံတားအောက် (စီတာပူကျွန်း) သောင်တူးဖော်ခြင်းလုပ်ငန်းများ လျာထားဆောင်ရွက် လျက်ရှိသည့်အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ရေတိုက်စားခံခဲ့ရသည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု (လဝမ်ကထောင်နှင့် ဟိုးလော် ကျေးရွာ) များအတွက် ကမ်းပြိုင်ကာကွယ်ရေး ကျောက်စီမြေထိန်းနံရံ အလျား (၃၀၀၀)ပေးအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ တပ်ကုန်း(စံပြ)ရပ်ကွက်အတွင်း အသစ် တည်ဆောက်ပြီးစီးသည့် ပုဂ္ဂလိကပိုင် “အော်လေလေ” ရေသန့်စက်ရုံသစ်သို့ သွားရောက်ပြီး စက်ရုံ သစ်အတွင်း အဆင့်မြင့် စက်ကြီးများတပ်ဆင်၍ ရေသန့်ထုတ်လုပ်နေမှု၊ ရေသန့်ဘူးများများ ထုတ် လုပ်နေမှု အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန််ဆိုင်းတို့သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ လုံဂါဘာ စားသောက်ဆိုင်၌ ကျင်းပပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မြန်မာ ပြည်ဖွား တရုတ်မျိုးနွယ်စုများဖြစ်သည့် ယူနန်ဘုံကျောင်း တရုတ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တရုတ်နှစ်သစ်ကူးပွဲတော်အား အတူတကွ ရင်းနှီးချစ်ခင်စွာ ပူးပေါင်းဆင်နွှဲခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ထို့အပြင် နောင်လာမည့် အချိန်ကာလများတွင်လည်း အတူလက်တွဲပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် နှစ်သစ်ကူးအထိမ်းအမှတ် ညစာကို အတူတကွရင်းနှီးချစ်ခင်စွာ သုံးဆောင်ခဲ့ ကြကာ တရုတ်ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြ ကာ အမှတ်တရလက်ဆောင်များကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။



