နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်များအား ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်များအား ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     သြဂုတ် ၁၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်များထပ်ဆင့်ရှင်းလင်းခြင်း နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီ က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။  

          ရှေးဦးစွာ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက် များကို ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ထပ်ဆင့်ရှင်းလင်းရာတွင် ပညာရည်မြင့်မားတိုး တက်စေရေး ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျောင်းများအားလုံး၌ ကျောင်းသား/ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်သွားရေး၊ စားရေ ရိက္ခာပေါများ ကြွယ်ဝရေးအတွက် တစ်သီးစားတင်မက သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စွာဆောင်ရွက်ပေးရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်အောင် စီမံဆောင်ရွက်ပေးရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရ မည့်လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် အလေး ထားလိုက်နာ၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြည်နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင် ရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးပွားရေး လျာထားချက်နှင့်အညီ စိုက်ပျိုးဆောင်ရွက်နိုင်မှု အခြေအနေ များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၊ သွေးလှူ ဘဏ်၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကချင်ပြည်နယ်စေတနာ့ သွေးသန့်သွေးလှူရှင်များအသင်း၊ ကချင်ပြည်နယ်ကာယဗလနှင့်အားကစားအဖွဲ့ သွေးလှူရှင်အသင်း တို့ ပူးပေါင်းကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ တက်ရောက်အားပေးခဲ့ကြပြီး သွေးလှူရှင်များအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကို ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပွဲအတွက် ဦးဆောင်ကြသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ပါဝင်ဆောင်ရွက်သူများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။