မြစ်ကြီးနား နိုဝင်ဘာ ၁၄
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် အခမ်းအနားကို မြစ်ကြီးနားမြို့ ဧရာရပ်ကွပ်ရှိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဗိုလ်ရှုသဘင်အကဖြင့် ကြပြဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ထို့နောက်ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ရာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပြည်နယ်အဆင့်စံပြကျောင်းဆုရရှိသော ကျောင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် တေးသီချင်းများဖြင့် တေးသရုပ်ဖော် အကအဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက ကချင်ရိုးရာတေးသီချင်း သရုပ်ဖော်ကပြအကအလှများဖြင့် ကပြဖျော်ဖြေမှု၊ “မြန်မာ့ကျောင်း” သီချင်း သီဆိုဖျော်ဖြေမှုများတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။




