မြစ်ကြီးနား ဒီဇင်ဘာ ၁၂
မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက် စေနိုင်ရေး ခေါင်းစဉ်ဖြင့် အရာထမ်း/ အမှုထမ်းများအတွက် ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးလှမြင့်နှင့် ခရိုင်/ မြို့နယ်အရာထမ်း/ အမှု ထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သမဝါယဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ် တည် ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲအား ဝန်ထမ်း(၁၀)တို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ အကောင်းဆုံးပြောဆိုနိုင်သူအား ရွေးချယ်ဆုချီးမြှင့်ခဲ့ကြသည်။
ထို့အတူ အဆိုပါပြိုင်ပွဲအပြီးတွင် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်နှင့် မြို့နယ် အရာထမ်း/ အမှုထမ်းဝန်ထမ်း (၁၀၄)ဦးတို့အတွက် အားကစားဝတ်စုံ (Track Suit) များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
