ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင် ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား အာဟာရများကျွေးမွေးလှူဒါန်း

မြစ်ကြီးနား    စက်တင်ဘာ   ၂၆

          ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်‌ရေးအသင်းအနေဖြင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် ယာယီတိမ်းရှောင် စခန်းနေမိသားစုများအား အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်းနှင့် ထောက်ပံ့ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ဆွတ်ငိုင်တောင်စခန်းနေ အိမ်ထောင်စု (၁၃၇)စု၊ လူဦးရေ စုစုပေါင်း (၄၀၀) ကျော်တို့အား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်‌ရေးအသင်းနာယက ‌ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ အသင်းဝင်များက အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြပြီး ချက်ပြုတ်ပေးကြသူများအား ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။