ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကျင်းပ

မြစ်ကြီးနား မတ် ၂၆

မြန်မာအမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် အားသွန်ခွန်စိုက်လုပ်ကိုင်‌ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ အကြမ်းဖက်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ စီးပွားရေး၊ အရေးပေါ်အခြေအနေများ၊ လူ့အခွင့်အရေး၊ မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ်စသည့်လုပ်ငန်းများကို ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များအနေဖြင့်  ခိုင်မာသည့် မိမိတို့အင်အားစုကြီး၏ခွန်အားကိုအသုံးပြုပြီး ထိရောက်အောင်မြင်စွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာဝင်းက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင်ချမှတ်ခဲ့သော လမ်းညွှန်ချက်များ၊ ရှေးလုပ်ငန်းစဉ်များ၊ လုပ်ငန်းစီမံချက်များနှင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်နယ်/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခေါန်ထွယ်က ၂၀၂၆ ခုနှစ်အတွင်း လှုပ်ရှားဆောင်ရွက်သွားမည့် ရှေးလုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြပြီး ခရိုင်/ မြို့နယ်အဖွဲ့များက လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ရှေးလုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြရာ နာယကက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။