ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးလျက်ရှိ

0-4064x3048-0-0-{}-0-12#

မြစ်ကြီးနား ဒီဇင်ဘာ ၂၈

          ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီက စတင်ပြီး မဲရုံများဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်လျက်ရှိသည်။

          အဆိုပါ ရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံပေါင်း (၁၀၂)ရုံရှိသည့်အနက် သီတာရပ်ကွက်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၅) ၊ ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၁)၊ အောင်နန်းရိပ်သာရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မဲရုံအမှတ် (၈၉)၊ ရွှေညောင်ပင်ရပ်ကွက် မဲရုံအမှတ် (၈၃)၊ ရမ်ပူရပ်ကွက်အတွင်းရှိ မဲရုံအမှတ် (၈၄)၊ (၈၅)၊ (၈၆)နှင့် (၈၇)တို့တွင်လည်းကောင်း၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်း‌ကျောင်း(စီတာပူ)၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၆)၌လည်းကောင်း ပြည်သူများအေးချမ်းစွာ မဲပေးလျက်ရှိသည့် မဲရုံတာဝန်ရှိသူများကလည်း စနစ်တကျလွယ်ကူစွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ မဲရုံအသီးသီး၌လည်း ပြည်သူများအေးချမ်းစွာ မဲပေးလျက်ရှိကြောင်းသိရသည်။