မြစ်ကြီးနား အောက်တိုဘာ ၃၀
ကခငွပြှညနြယအြစိုးရအဖှဲ့၏ ကှီးကှပလြမြးညှှနမြှုဖှင့ြ ပှညနြယပြှနကြှားရေးနှင့ြ ပှညသြူ့ ဆကဆြံရေးဦးစီးဌာနနှင့ြ အခှခေံပညာဦးစီးဌာနတို့ ပူးပေါငြးကငွြးပသည့ြ ပဉျစမအကှိမမြှောကြ စာကှည့တြိုကမြွားဖှံ့ဖှိုးတိုးတကရြေးနှင့ြ စာဖတရြှိနမြှှင့တြငရြေးပှဲတောကြို ယနေ့ နံနကြ ၉ နာရီက မှဈကှီးနားမှို့ ဒူကထောငရြပကြှကြ အမှတြ(၁၀) အခှခေံပညာအထကတြနြးကွောငြး ဒူဝါခနြးမ၌ ကငွြးပ ပှုလုပသြညြ။
ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က ယခုလို ပွဲတော်များ ကျင်းပပေးခြင်းသည် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာ စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့်အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲ များအဖြစ် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့် ပုံပြင်ပြောပြိုင်ပွဲများ တွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် ပြန်လည်သရုပ်ပြ ယှဉ်ပြိုင် မှုများကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ စာရေးဆရာ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်မှုများကိုလည်းကောင်း တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြသည်။
ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ် စာစောင် များကိုလည်းကောင်း၊ ပွဲတော်အထိမ်း အမှတ် လူငယ်များအတွက် ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် ကျပန်း၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုလည်းကောင်း၊ သရုပ်ပြအကအဖွဲ့များအတွက်လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ဇိုင်းဝါးရိုးရာတေးသီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့ကြကာ ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် သုတ/ ရသစာအုပ် စာစောင်ပြခန်း၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုများကိုလည်းကောင်း ကျောင်းသား/ကျောင်းသူလေးများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


