
ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းသဲသောင်ပေါ်တွင် ဆီထွက်သီးနှံနေကြာအပါအဝင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ဧရာဝတီမြစ်အတွင်းရှိ နောင်တာလောရေလယ်ကျွန်းပေါရှိ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းဒေါင့် ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် နောင်တာလောရေလယ်ကျွန်းသို့ သွား ရောက်ခဲ့ကြပြီး ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာစိုက်ခင်းအတွက် ဆိုလာမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုး ဆောင်ရွက်ထားသည့် နေကြာစိုက်ခင်းအတွင်း နေကြာပန်းများဖြင့် ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဲသောင်ပေါ်တွင် ဖရဲသီး၊ ဖရုံသီးနှင့် ဘူးသီးပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို…