
ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် သင်တန်းများဖွင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၂ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းဖို့ ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ် (၃၀)ပြည့်ဆီ အရောက်လှမ်းစို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျား/မ ဖြစ်ခြင်းကို အခြေခံ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုကို လူ့အခွင့်အရေးချိုးဖောက်သောကိစ္စရပ်များအဖြစ် အသိအမြင် တိုးလာစေရေး အမျိုးသမီးများအား အကြမ်းဖက်မှုလျော့ချရေး လုပ်ငန်းများ ပိုမိုရှင်းလင်းမြင်သာလာ စေရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွင်းမှာလည်း ယခုလို (၁၆)ရက်တာ…