
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်
မြစ်ကြီးနား ဇူလိုင် ၂၅ ကချင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေး ချီးမြှင့်သည်။ ဘောလုံးပြိုင်ပွဲကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြိုင်ပွဲဝင် ကျောင်း သား/ ကျောင်းသူများအနေဖြင့် မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် IT ပညာရှင်များဖြစ် လာစေရန် လိုအပ်သကဲ့သို့ ဘာသာရပ်အသီးသီးတွင် ဘက်စုံထူးချွန်ထက်မြက်သည့် ပညာရှင်များ ပေါ်ထွန်းလာစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ဘောလုံးပြိုင်ပွဲမှ တစ်ဆင့် တက္ကသိုလ်များပြိုင်ပွဲ၊ နိုင်ငံ့လက်ရွေးစင်အထိ ဖြစ်လာစေရန် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်းများဖြစ်သည့်…