
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၅ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားအား သန့်ရှင်းသာယာလှပပြီး ခေတ်မီစနစ်ကျသော မြို့ဖြစ်လာစေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ထောက်ပံ့ ရန်ပုံငွေဖြင့်မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်သည် ဇူလိုင်လ ၁၄ ရက် ညနေ ၃နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် စီတာပူရပ်ကွက် မုန်ကျိန် နယ်မြေ၊ တက္ကသိုလ်လမ်းမကြီးဘေးတွင် မြေသားရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ကွန်ကရစ်တံတား (၁)စင်း၊ ကွန်ကရစ်ရေပြွန်(၁)စင်း၊ ကျောက်စီရေမြောင်း(၁)ခု တည်ဆောက်နေမှုနှင့် စီတာပူ အ.ထ.က အနောက်ဘက်လမ်းအား သဲကျောက်ဖို့ကာ လမ်းသားမြှင့်တင်၍ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရပ်ကွက်ရှိ…