
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၆)ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀) ကျော်အတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၆ ရက် နံနက် ၈ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း ၆ ခုမှ ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၀၀)ကျော်တို့အား မိုင်းနားကျေးရွာရှိ မိုင်းနား KBC ဖွံ့ဖြိုးရေးခြံ IDPs စခန်း၌ အခြေခံစားသောက် ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။ ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က (၁၀)စုနှစ်ကြာ နေရပ်စွန့် ခွာတိမ်းရှောင်နေထိုင်ခဲ့ကြသည့် ပြည်သူများအနေဖြင့် ယနေ့ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ ပြောင်းနေထိုင်ကြမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လတ်တလော…