
ကချင်ပြည်နယ်အတွင်း (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၅(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် လူဦးရေအကန့်သတ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ အားကစားပြိုင်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပတော့မည်မဟုတ်ကြောင်း ယနေ့ နံနက် ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မှာကြားသည်။(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသည် နိုင်ငံတော်အခမ်းအနား ဖြစ်သည့်အတွက် မဖြစ်မနေကျင်းပပြုလုပ်ရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါမှာ ပြည်နယ် အတွင်း တိုးပွားလာသည့် အခြေအနေရှိလာသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။ယင်းနောက် ၂၀၂၁ ခုနှစ်…