တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး (၃)ဘာသာနှင့်အထက်ဂုဏ်ထူးရှင်ရှမ်းတိုင်းရင်းသား/သူများအားဂုဏ်ပြုဆု‌ပေးအပ်

 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး (၃)ဘာသာနှင့်အထက်ဂုဏ်ထူးရှင်ရှမ်းတိုင်းရင်းသား/သူများအားဂုဏ်ပြုဆု‌ပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၃) ဘာသာနှင့်အထက်ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။
ဂုဏ်ပြုဆု‌ပေးပွဲတွင် ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက ဂုဏ်ထူး ရ ရှမ်းတိုင်းရင်းသားကျောင်းသား/သူများအတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ရှမ်းမျိုးနွယ်စုစာပေ နှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရည်က ထပ်ဆင့်ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာနှင့် (၅)ဘာသာ(၁)ဦးစီနှင့် (၆) ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီးဦးနေဝင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးနှင့် ရှမ်းမျိုးနွယ်စု စာပေနှင့်ယာဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေး အပ်ခဲ့ကြသည်။
၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကချင်ပြည်နယ်တစ်ခုလုံးတွင် ထူးချွန် စွာအောင်မြင်ခဲ့ကြပြီး (၃)ဘာသာနှင့်အထက် ဂုဏ်ထူးရှင်ရှမ်းတိုင်းရင်းသားကျောင်းသား/သူ စုစုပေါင်း (၆၃)ဦးရှိခဲ့ပြီး ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခဲ့သော မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအပြင် အခြားမြို့နယ် များရှိ ဂုဏ်ထူးရရှမ်းတိုင်းရင်းသား ကျောင်းသား/သူများကိုလည်း ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သား လူမျိုးရေးရာဝန်ကြီးဌာနမှ သိရှိရသည်။