
မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်ချောမွေ့စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည်ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၂၈ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ- တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စေရေး ကုန်တင်ယာဉ်များနှင့် ကုန်စည် ဖလှယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး ပြည်နယ်အဆင့် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ နှင့်ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ကုန်တင်ယာဉ်များ စနစ်တကျစီမံပြေးဆွဲနိုင်ရေး၊ ကန်ပိုက်တီ နယ်စပ်တွင် ကုန်တင်ကုန်ချ / ကုန်စည်ဖလှယ်ရေးကွင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုး ရေးထုတ်ကုန်သီးနှံများ စနစ်တကျတင်ပို့နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ အပေါ်…