ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၆           ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ပြည်နယ်သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများဖော်ဆောင်ရေးစီမံခန့်ခွဲမှုကော်မတီ နှင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ  ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင်က ကချင်ပြည်နယ်အတွင်း ရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းပေါ်ထွန်းလာစေရေး အတွက်လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC/ ACHC ကုမ္ပဏီမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်လက်ခံရယူ

မြစ်ကြီးနား     စက်တင်ဘာ ၁၆           ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC / ACHC ကုမ္ပဏီတို့မှ မြန်မာငွေကျပ် ၂၅၉ သိန်းကျော်တန်ဖိုးရှိ ကုလားပဲ၊ ဆီ၊ ကြာဆံ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းပွဲကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လက်ခံရယူခဲ့သည်။           ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယာယီသံအမတ် Ms.Cao Jing (မစ္စချောင်ကျင်း)က မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရေရှည်တည်တံ့ စေရေးအတွက် နှစ်ကာလရှည်ကြာစွာပေါင်းစည်းပေးခဲ့ကြသော ကချင်ပြည်နယ်မှ ဘိုးဘွားများအား လှူဒါန်းရခြင်းဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုရှိစေရေး CCTV ကင်မရာများနှင့် ပတ်သက်၍ အကြုံပြုရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၅           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေနှင့် မြို့တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မြစ်ကြီးနားမြို့တွင်း တပ်ဆင်အသုံးပြုထား သည့် CCTV ကင်မရာများနှင့် ပတ်သက်၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ရှင်းလင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ဆွေးနွေးပွဲတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က  ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကာလတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အများပြည်သူ လုံခြုံအေးချမ်းစွာ သွားလာနေထိုင်လုပ်ကိုင် နိုင်ရေးသည် အရေးကြီးပါကြောင်း၊ မြစ်ကြီးနားမြို့ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် CCTV ကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ်နည်းပညာနှင့်အညီ လိုအပ် သည်များကို စနစ်တကျဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက် အလက်များ Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၅           ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ဝန်ထမ်းများဖြင့် စုဖွဲ့ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။             ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့သည် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံ (၆၆/၆)ပါ အချက်အလက်များအား Software Programဖြင့် ပြည်ထောင်စု National Server သို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT) ၈/၂၀၂၂ သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     စက်တင်ဘာ ၁၄                 ကချင်ပြည်နယ် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အနေဖြင့် ဆရာအတတ်ပညာရရှိရေး အတွက် ဒေသခံများအား လေ့ကျင့်ပြုစုပျိုးထောင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းသား များအား ကြိုဆိုခြင်းနှင့်အတူ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ကောလိပ် အတွင်းရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က ကောလိပ်မှ ဆရာများ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနေမှုအခြေအနေများနှင့် သင်တန်းသားများ အား ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသား/ သင်တန်းသူများအား ယခု လို ဆရာ/ ဆရာမများကို မွေးထုတ်ပေးခြင်းသည် မွန်မြတ်သော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုဆုများတက်ရောက်ချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁၄           ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၂၃ ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုး ဖြင့် (၃)ရက်ကြာကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည် နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲတွင်…

Read More

ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်း လုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၃           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍ အလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်းကြိုးစားထမ်းဆောင်ကြရေး စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား…

Read More

ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်(၁၂၃)ဦး၊ ပြိုင်ပွဲအမျိုးအစား(၄၀)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်

မြစ်ကြီးနား     စက်တင်ဘာ ၁၂           ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော နိုင်ငံတစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁၀           ကချင်ပြည်နယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော လာချိဒ်တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။           ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဓမ္မဆရာများကဆုတောင်းဆက်ကပ်ပေးကြပြီး လာချိဒ်စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ အနေဖြင့် ယခုလို လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုလူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် တိုင်းရင်းသားမျိုးနွယ်စု၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သကဲ့သို့လူငယ်များပညာရေးတွင် ပိုမိုကြိုးပမ်း အားထုတ်လာစေသည့်အပြင် တိုင်းပြည်အတွက်ပညာရည်ပြည့်ဝပြီးအားကိုးရသောနိုင်ငံ့သားကောင်း…

Read More

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရည်ညွှန်ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၉           ကချင်ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများပါဝင်သည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ်(၂)နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ယနေ့ခေတ်တွင် လူနေမှုစနစ် တိုးတက်ပြီးလူဦးရေတိုးပွားလာသည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့ရနိုင်သည့် ငလျင်ဘေး အန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင် ယခုလို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ် ပေးခြင်း၊ အသိပညာပေးခြင်းအားဖြင့်အင်အားပြင်းငလျင်များနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မှန်ကန် မြန်ဆန်သည့် နေရာယူမှုများနှင့် ထိရောက်မြန်ဆန်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို စနစ် တကျ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အသက်အန္တရာယ်နှင့် အခြားမလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးများကို အားနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာဖြစ်တဲ့သည့်…

Read More