
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်ဓာတ်အားခွဲရုံလုပ်ငန်းဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား စက်တင်ဘာ ၈ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြို့တွင်း လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်အတွင်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ်လျှပ်စစ်ဓာတ် အားခွဲရုံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဓာတ်အားခွဲရုံမှ တစ်ဆင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးနှင့် ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် မလိဓာတ်အားလိုင်း အပြင် ချီဖွေငယ်ဓာတ်အားလိုင်းနှင့် မဟာဓာတ်အားလိုင်းတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း…