
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၅ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတွင် တင်းနစ်အားကစားပြိုင်ပွဲများ ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။ ရှေးဦးစွာ အားကစားပြိုင်ပွဲများအနက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြို့ပြအင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့၏ ယဉ်ပြိုင်မှုကို ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ စက်မှုအင်ဂျင်နီယာအသင်းက ခုနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ…