
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များ အတွင်း ဆီထွက်သီးနှံအပါအဝင် ဆောင်းသီးထပ်သီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၃ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပင်းဘောတိုက်နယ်ကျေးရွာများ နှင့် နမ္မတီးဒေသ မြတောင်ကွင်းများအတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆီထွက်သီးနှံအပါ အဝင် ဆောင်းသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မား ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း တောင်သူ ဦးစိုးထက်ဦး၏ နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွားကောင်ရေ (၂၆)ကောင်အား စီးပွားဖြစ် မွေးမြူအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် ခြံဝင်းအတွင်း မျှစ်ချိုဝါးများစိုက်ပျိုး အောင်မြင်မှု အခြေအနေများကို…