ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား နှင့် ၂၀၂၄ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်ပွဲ၊ ပညာဘဏ်ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား ဒီဇင်ဘာ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မွန်းလွဲ (၂)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တက်ရောက်အားပေးချီးမြှင့်ကြသည်။ ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်/မယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန် ပြည်စုံသောလူငယ်၊ လူရွယ်ပညာတတ်များ ပေါများထွန်းကားလာစေရန် လိုအပ် ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ…