တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး (၃)ဘာသာနှင့်အထက်ဂုဏ်ထူးရှင်ရှမ်းတိုင်းရင်းသား/သူများအားဂုဏ်ပြုဆု‌ပေးအပ်

မြစ်ကြီးနား ဒီဇင်ဘာ ၃၀ကချင်ပြည်နယ်အစိုးရအဖွဲ့၊ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၃) ဘာသာနှင့်အထက်ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။ဂုဏ်ပြုဆု‌ပေးပွဲတွင် ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက ဂုဏ်ထူး ရ ရှမ်းတိုင်းရင်းသားကျောင်းသား/သူများအတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ရှမ်းမျိုးနွယ်စုစာပေ နှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ပြုံးရည်က ထပ်ဆင့်ဂုဏ်ပြုအမှာစကားပြောကြားသည်။ယင်းနောက် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာနှင့် (၅)ဘာသာ(၁)ဦးစီနှင့် (၆) ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီးဦးနေဝင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ရှမ်းတိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးနှင့် ရှမ်းမျိုးနွယ်စု စာပေနှင့်ယာဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေး အပ်ခဲ့ကြသည်။၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌…

Read More

နှစ်သစ်ဆုတောင်း

ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် နှစ်သစ်သို့ ကူး‌ပြောင်းချိန်အခါသမယတွင် နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော အကြီးအကဲများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများအားလုံးနှင့် မိတ်ဆွေအပေါင်းအသင်းများအားလုံး အတွက် နှစ်သစ်ဆုတောင်း မေတ္တာပို့ အပ်ပါသည် – ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်

Read More

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခမ်းအနား

မြစ်ကြီးနား ဇန်နဝါရီ (၄)(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယနေ့ နံနက် (၄)နာရီ (၂၀)မိနစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ နိုင်ငံတော်အလံလွှင့်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ

Read More

(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁၀၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့ နံနက် (၈)နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားသည်။နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်နယ်နေ့သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ကချင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေး…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာစေတီတော်ရှိရာ (ရွှေမိုးတောင်)တွင် ဆွမ်းစားကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း

မြစ်ကြီးနား ဇန်နဝါရီ ၁၀ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာစေတီတော် တည်ထားကိုးကွယ်ရာ ရွှေမိုးတောင်ပေါ်တွင် ဆွမ်းစားကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် (၉)နာရီ ခွဲတွင် အဆိုပါ ကျောင်းဆောင်သစ်ကို ရေစက်ချလွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့ကြသည်။ဆောက်လုပ်ပြီးစီးသည့် ဆွမ်းစားကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ရာတွင် ဝန်းသိုကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ငါးပါသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောက်လုပ်လှူဒါန်းခဲ့သည့် ငွေကျပ်သိန်း (၁၃၀၀) တန်ဖိုးရှိ အဆိုပါ ဆွမ်းစားကျောင်းဆောင်သစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းက ပြည်နယ် သာသနာရေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ…

Read More

ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆုချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၁၅ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဆောင် ၍ ဟူးကောင်းလွင်ပြင်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။စာပေဆုပေးအပ်ပွဲတွင် ဆုချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင် မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဇော်ဝင်းက “ကျွန်တော်တို့ စာဖတ်ခြင်းဟာ လူငယ်တွေရော လူကြီးတွေအတွက်ပါ စိတ်နှလုံးသားကို စိန်စီထားတာနဲ့တူပါတယ်။ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်ဘဝမှာလည်း စာ‌ရေးဆရာတွေ နိုင်ငံအတွင်းထင်ရှားကျော်ကြားတဲ့ စာရေး ဆရာတွေ ဖိတ်ပြီးတော့ ဟူးကောင်းဒေသမှာ စာပေဟောပြောပွဲတွေပြု လုပ်ခဲ့ပါတယ်။ အခုဝန်ကြီး တာဝန်ယူတဲ့ အချိန်မှာလည်း လူငယ်တွေစာဖတ်တဲ့ အလေ့အထပိုပြီးတော့ ဖြစ်လာအောင် ပံ့ပိုးတဲ့အနေအထား ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ် ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ လူတွေခက်ခဲ သလို ကျွန်တော်တို့မှာရှိတဲ့ စာရေးဆရာတွေလည်း စာဝတ်နေရေးအလွန်အင်မတန်မှ ခက်ခဲတဲ့…

Read More