
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားတိုးဝက်နှင့်ကြက်မွေးမြူရေးခြံများအားကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၃၀ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားဝက်နှင့် ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်း (ဇီးလွန်)ရပ်ကွက်အတွင်း ပိုင်ရှင် ဦးရွှေ၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက် ဝက်ကြီး၊ ဝက်ပေါက်ကောင်ရေ စုစုပေါင်းကောင်ရေ ၂၀၀ ခန့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်သို့ ပြန်လည်ရောင်းချနိုင်မှု အခြေအနေများ ကို…