ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဇုံနယ်နှစ်ခြင်းသာသနာ ကျမ်းစာကျောင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ၊ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဇုံနယ်နှစ် ခြင်းသာသနာ ကျမ်းစာကျောင်းဝင်းအတွင်း ပတ်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို  မတ် ၁၁ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က တက်ရောက် ဖွင့်လှစ်ပေးကြသည်။           လမ်းသစ်ကို သိက္ခာတော်ရဆရာတော်များက ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်း များသီဆိုခြင်း၊ ကောင်းချီးပေးဆုတောင်းဆက်ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကတ္တရာလမ်း သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ သိက္ခာတော်ရဆရာ လယော်ဒေါင်ဟောင်း၊ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်းခွမ်၊ ဒူဝါဒေါက်တာဘန်လွန်ဘွမ်ယွန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကတ္တရာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ ကြီးမှူး၍ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် ဧရာဝတီမြစ်ဆိပ်၌…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၀           ကချင်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ရရှိရေးအတွက် ပြည်နယ်ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆေးဘက်ကျွမ်းကျင် – ၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး – ၄ (ဆေးမှတ်တမ်း)သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၀ ရက် နံနက် ၈ နာရီ က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းဆင်းကြမည့် သင်တန်းသား/ သင်တန်းသူများကို ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအား ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက်ရှိသည့် ခရိုင်/ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင် ရန် ခန့်အပ်လွှာများကို တစ်ပါတည်း အပ်နှင်းသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/သူများ…

Read More

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနား အကျဉ်းထောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား     မတ် ၉           မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်(၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် ကချင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက မြစ်ကြီးနားအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား မတ် ၉ ရက် နံနက် ၉ နာရီက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာသို့ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်၊ ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ အရာ ထမ်း/အမှုထမ်းများ ပူးပေါင်း၍ အကျဉ်းထောင်အတွင်းရှိ ဆေးရုံဆောင်၊ ပြင်ပလူနာဌာနနှင့် အကျဉ်းထောင် စာကြည့်တိုက်တို့တွင် စိတ်ကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် ကျား/မပေါင်း ၂၁ ဦး၊ နား၊ နှာခေါင်းလည်ချောင်းလူနာ ၂၂ ဦး၊ အရိုးအကြောအဆစ်လူနာ ၃၇ ဦး၊ သွားနှင့်ခံတွင်းလူနာ ၆၀ ဦး၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားစာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဒုတိယနေ့(အင်္ဂလိပ်စာ)အေးချမ်းစွာဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေး၊ ဌာနဆိုင်ရာညွှန့်ပေါင်းအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၉           ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုနိုင်ငံတစ်ဝှမ်း မတ် ၈ ရက်နေ့စတင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ပေါင်း ၃၂ ခုဖြင့် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ စာမေးပွဲဒုတိယနေ့ (အင်္ဂလိပ်စာ)ကို အေးချမ်းစွာဖြေဆိုနေ ကြသော ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။           ထို့သို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ် ဌာန (၂) ခုဖွင့်လှစ်၍ စာရင်းရှိကျောင်းသား/ကျောင်းသူ ၁၁၅၇ ဦးမှ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကန်ပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ဥပဒေလုပ် ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်၍ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကန်ပိုင်တည်စီးပွား ရေးနယ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ မတ် ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုချောမွေ့ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိ ရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအား ကောင်းလာစေရေး မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ MoA…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေးအမှာစကားပြောကြား

မြစ်ကြီးနား     မတ် ၇           ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် “ကျား/မတန်းတူညီမျှဖို့ နည်းပညာနှင့်ဆန်းသစ်စို့” ဆောင်ပုဒ်ဖြင့်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁)မူကြိုကလေးငယ်များက မင်္ဂလာပါ အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ နိုင်ငံ၏ လူဦးရေတွင် အမျိုးသမီးပါဝင်မှုမှာ (၅၂)ရာခိုင်နှုန်းကျော်ဖြစ်သည့်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေး၊ လူအဖွဲ့အစည်းတိုးတက်ရေးတွင်လည်းကောင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်အား တက္ကသိုလ်အဖြစ် စတင်တည်ထောင်ခြင်း ငွေရတုအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲ ၊ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     မတ် ၆           မြစ်ကြီးနားတက္ကသိုလ်သည် မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်တွင် ပထမဦးဆုံးဖွင့်လှစ် နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်သည့်အပြင် တက္ကသိုလ်အဖြစ် စတင်သတ်မှတ်သည့် ၁၉၉၈ ခုနှစ်မှ စတင် ရေတွက်လျှင် နှစ်ပေါင်း ၂၅ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် ငွေရတုအထိမ်းအမှတ်အဖြစ် ကျောက်တိုင်ဖွင့်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကို မတ် ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ငွေရတုအထိမ်းအမှတ် ကျောင်တိုင်ဖွင့်ပွဲကို တက္ကသိုလ်ပင်မဆောင်ရှေ့ ပန်းခြံငယ်၌ ကျင်းပရာ အထိမ်းအမှတ်ကျောက်တိုင်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်ကျောက်တိုင် အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၆           ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့်  မြို့နယ်များ အလိုက် ရပ်ကွက်/ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး လုပ်ငန်းကဏ္ဍအလိုက် ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မတ် ၆ ရက် နံနက် ၁၀ နာရီခွဲက လုပ်ငန်းစီမံကိန်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။            လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းစီမံကိန်းများကို ခရိုင်၊ မြို့နယ် များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင် ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံး လူမှုစီးပွားနှင့်…

Read More

မြစ်ကြီးနားမြို့၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား ငွေကြေးခဝါချမှုတိုက်မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို မတ် ၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။           ဆွေးနွေးပွဲတွင် ပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်အဖြစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟို အဖွဲ့က တာဝန်ပေးအပ်ခဲ့သဖြင့် ဝန်ထမ်းများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစေရေးနှင့် အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို ကြပ်မတ်ဆောင်ရွက်သွားရေး၊ ဆွေးနွေးပို့ချမှုများအပေါ် သေချာစွာလေ့လာမှတ်သား ပြီး မရှင်းလင်းသည်များရှိပါက ပြန်လည်မေးမြန်းကြရန်နှင့်  မြေပြင်မှာ အောင်မြင်အောင် ဆောင်ရွက် ကြရေး တိုက်တွန်းမှာကြားသည်။           ထို့နောက် သင်တန်းတွင် ဦးဆောင်ဆွေးနွေးသွားမည့်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြစ်ကြီးနား     မတ် ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတော်က ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ အခမ်းနားကို မတ် ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဘွဲ့တံဆိပ်ရ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။           နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်း သိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်…

Read More