ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မန်ခိန်ရပ်ကွက်နှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၄ ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းဝေးအမှတ်စဉ် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် (၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အစည်းအဝေးတွင် လုပ်ငန်းစာတွဲများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်နေမှုများအပေါ်စိစစ်၍ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စံပြုလုပ်ထုံလုပ်နည်းများနှင့်အညီ အလေးထား သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများအပေါ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ၂၀၂၁ ခုနှစ်…