ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြုကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်း၊ ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြုကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်း၊ ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဗန်းမော်         ဇူလိုင် ၂၆

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ  ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြု ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များကို လှူဒါန်းပြီး ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ရောဘတ်နှစ်ခြင်းအသင်းတော်ပိုင် မိဘမဲ့ ဂေဟာသို့ သွားရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီး နှီးတွေ့ဆုံအားပေးကာ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိ ယာများနှင့် အဆိုပါဂေဟာမှ ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်း သား/ကျောင်းသူ (၃)ဦးတို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

          ထိုနောက် ပြည်နယ်ဝန်ကြီးသည် ပေါက်ကုန်းရပ်ကွက်အတွင်းရှိ ကတ်သလစ်အသင်းတော် သီလရှင်ကျောင်းသို့ သွားရောက်ပြီး အသင်းတော်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် အသင်းတော်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် (၂)မိုင်အောင်သာရပ်ကွက်အတွင်း ဗန်းမော်မြို့နယ် ကချင်တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်းအတွင်း ခန်းမဆောင်၌ မနောကွင်းတည်ဆောက်ပြီးစီးမှု အခြေအနေများ၊ တည်ဆောက်ဆဲအခြေအနေများနှင့် စပ်လျဉ်း၍ မနောကွင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက မနောကွင်းတည်ဆောက်ပြီးစီးပါက ဖွင့်ပွဲကျင်းပပြုလုပ်နိုင်ရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ရေးနှင့် လိုအပ်ချက်၊အခက်အခဲများကို ဝိုင်းဝန်းပံ့ပိုးကူညီပေးနိုင်ရေးစသည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပွင်းလင်းရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် အဆိုပါဝင်းအတွင်း တည်‌ဆောက်လျက်ရှိသည့် ကချင်တိုင်းရင်းသားတို့၏ ရိုးရာ မနောတိုင်တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ နောကွင်းနှင့် မနောကွင်းအဝင်မုဒ်ဦး တည်ဆောက် နေမှုအခြေအနေများကို မနောကွင်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။