ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉

          (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ် ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ် နှစ်ပတ် လည်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ထံ ပေးအပ်ပြီး နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက် ရေးအဖွဲ့ကိုယ်စား အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က မဂ္ဂဇင်း ထုတ်ဝေနိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီ အတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အယ်ဒီတာအဖွဲ့ဝင် (၉)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၂၇ သိန်းကို တာဝန်ရှိသူများထံပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး ယခုလို စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာ များနှင့် စာရေးဆရာများအား မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ မှတ်တမ်း တင် ချီးကျူးဂုဏ်ပြုပါကြောင်း၊ လာမည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးကိုလည်း စာ‌ရေးဆရာများအနေဖြင့် မိမိတို့အစိုးရအဖွဲ့နှင့် လက်တွဲပြီး ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေးကို တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြု ပြောကြားခဲ့သည်။