ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာ(အမှန်)စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာ(အမှန်)စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၇

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူးရေးဆောင်ရွက်ရ သော ကျေးရွာ(အမှန်)စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံ အား ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် မတည်ထောက်ပံ့ပြီး အကျိုးရှိထိရောက်သော စီမံကိန်းလုပ်ငန်းများဖြစ်စေရေး၊  ချေးငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ယနေ့အစည်းအဝေးတွင် ရွေးချယ်တင်ပြလာသည့် ကျေးရွာများကို အတည်ပြုနိုင်ရေးနှင့် ဘဏ္ဍာငွေများ လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊သမဝါယမနှင့်ငါးလုပ်ငန်းများ‌ ဆောင်ရွက်သွား မည့်ကျေးရွာများ၊ ရန်ပုံငွေသုံးစွဲရာတွင်သတိပြုလိုက်နာရမည့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက သက်ဆိုင် ရာကဏ္ဍအလိုက် စိစစ်ရွေးချယ်ထားသည့် ကျေးရွာအမည်စာရင်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ၊ ကျခံသုံးစွဲသွားမည့် ရန်ပုံငွေလိုအပ်ချက်များ၊ စီမံကိန်း ကျေးရွာဆရာဖြစ်သင်တန်း၊ကျေးရွာများတွင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ငွေစာရင်းသင်တန်း များ ဖွင့်လှစ်ဆောင်ရွက်ပြီးစီးမှု၊ ကျေးရွာကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာ သူများက စီမံကိန်းလုပ်ငန်းများ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်သုံးသပ်ရှင်း လင်းတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းများ ကို မြန်ဆန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အချင်းချင်းချိတ်ဆက်ပူးပေါင်း၍ အောင်မြင်အောင်ဆောင်ရွက်နိုင် ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ် လုပ်သူများအသင်း တာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကဇူး-မုန်ဂါဇွပ်ကျေးရွာချင်းဆက် စိုက်ပျိုးရေးကုန်ထုတ်လမ်း (၂၂)မိုင်အား ပြုပြင်၊ မွမ်းမံ၊ ဖောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။

အဆိုပါလမ်းပိုင်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးကုန်ထုတ် လမ်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးသည် အဓိကကျ သည့် လုပ်ငန်းဖြစ်သည့်အတွက် ကဇူး – မုန်ဂါဇွပ်ကျေးရွာချင်းဆက်လမ်းပိုင်းသည် လမ်းအူကြောင်းရှိ ထားပြီး ပြည်နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ လမ်းပြုပြင်မွမ်းမံဖောက်လုပ်နိုင်ရာတွင် မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။