ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထား သည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထား သည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၁၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က စည်ပင်သာယာရေး အဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို  မြို့များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့တွင်းလမ်းများ၊ လမ်းဘေး ဝဲ/ယာနှင့် ပန်းခြံများဖြင့် ဝေဆာစိမ်းလန်း စိုပြေသာယာလှပမှုများ၊ ရေစီး/ ရေလာကောင်းမွန်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်ပေးနိုင်မှု စသည့်စံနှုန်းများဖြင့် တိုင်းတာရ ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဖြစ် စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့်အပြင်  ပြည်နယ်အတွင်းရှိ မြို့များအားလုံး သန့်ရှင်းသာယာပြီး ပန်းများဖြင့် ဝေဆာစိမ်းလန်းလှပလာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ မြို့နယ်အလိုက် ပြည်သူများအတွက် အရေးကြီးဆောင်ရွက်ပေးရမည့် လုပ်ငန်းအပြင် လုပ်ငန်းလိုအပ် ချက်များကို တင်ပြသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့များ ၏ ဘဏ္ဍာနှစ်အလိုက် မြို့ပြများဖွံ့ဖြိုးတိုးတက်ရေး အခွန်ငွေကောက်ခံရရှိမှု၊ ဘဏ္ဍာနှစ်အလိုက် ပြည် နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ရန်ပုံငွေခွဲဝေချထားပေးခဲ့မှုအခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့် လှစ်ခဲ့သည့် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၉၁)တွင်  သင်တန်းသူ ပထမဆုနှင့် သင်တန်း သား ဒုတိယဆုရ ဝန်ထမ်း (၂)ဦးတို့အား ဂုဏ်ပြုဆုများကို ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် ပြည်နယ် အတွင်းရှိ မြို့နယ်များအလိုက် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများက စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ထမ်းအင်အားအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့် များဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေး ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အ‌နေဖြင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ် လမ်း (၂၈)လမ်း၊ ကတ္တရာလမ်း (၁၀၈)လမ်း၊ ကျောက်ချောလမ်း (၃)လမ်း၊ သဲကျောက်လမ်း(၁၁) လမ်း စုစုပေါင်းလမ်း (၁၅၀)၊ ကွန်ကရစ်တံတား (၂၆)စင်း၊ ရေပြွန် (၆၄)ခု စုစုပေါင်းတံတားနှင့် ရေပြွန် (၉၀)စင်းကိုလည်းကောင်း၊ ရေပေးဝေရေလုပ်ငန်း (၁၅)ခုအပြင် လမ်းများပြုပြင်ဖာထေးခြင်း၊ တံတား များပြင်ဆင်ထိန်းသိမ်းခြင်း၊ အခြား မြေယာရှုခင်းအလှဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ အတွက် စုစုပေါင်းငွေကျပ် (၄၇၈၇.၃၁၁) သန်းဖြင့် အကုန်အကျခံဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။