Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်ပေါင်း (၇၀၀)ကျော် စိုက်ပျိုးပေး၊ အသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း၏ ခြေစမ်းပွဲ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇွန် ၂၈

         ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်းဖြစ်စေရေးတို့ကို ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် အဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းသွားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အဆင့်သတ္တမအကြိမ်မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်း လျာထားမြေနေရာသွားလမ်းမပေါ်ရှိ လမ်းဘေးဝဲ/ယာတို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် သင်တန်းသူများ၊ ‌မော်ဖောင်းကျေးရွာနေ ပြည်သူများက အရိပ်ရအပင်ကြီးမျိုးများဖြစ်သည့် အမြင့် (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် မန်ဂျန်ရှားပင် (၃၅၀)ပင်နှင့် ပျဉ်းကတိုးပင် (၃၅၀)ပင် စုစုပေါင်း ပျိုးပင် (၇၀၀)ကို သတ်မှတ် နေရာအသီးသီး၌ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအဖြစ် (၉) ကြိမ်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ယခုအကြိမ်စိုက်ပျိုးသည့် ပျိုးပင် (၇၀၀)ပင် အပါအဝင် ပထမအကြိမ်တွင် ပျိုးပင်ပေါင်း (၄၅၀)ပင်၊ ဒုတိယအကြိမ်တွင် ပျိုးပင်ပေါင်း (၇၈၀)ပင်၊ တတိယအကြိမ်တွင် (၅၀၀)ပင်၊ စတုတ္ထအကြိမ်တွင် (၁၂၀၀)ပင် ၊ပဉ္စမအကြိမ်တွင်  (၅၇၂)ပင်၊ ဆဋ္ဌမအကြိမ် တွင် (၅၀၀)ပင်၊ သတ္တမအကြိမ်တွင် (၁၃၄၂)တို့ဖြင့် စုစုပေါင်း အရိပ်ရအပင်ကြီးမျိုး (၆၀၄၄) ပင်ကို စိုက်ပျိုးထားနိုင်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူများထံသို့ ပျိုးပင်ပေါင်း (၂၅၈၆၆)ပင်ကို ဖြန့်ဝေစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။    

         ထို့အပြင် ဇွန် ၂၇ ရက် ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်အနေဖြင့် အားကစားသမားများအား စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၇ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းနှင့် စီတာပူရပ်ကွက် ဘောလုံးအသင်းတို့၏ ခြေစမ်းကစားခြင်း ဘောလုံးပြိုင်ပွဲကို ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ တက်ရောက်အားပေးခဲ့ကြရာ ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းက ၂ ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသော လက်ရွေးစင်အသင်းနှင့် စီတာပူအသင်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် လက်ရွေးစင်အသင်းနည်းပြများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။