ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်ဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်ဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပေး

မြစ်ကြီးနား     မတ် ၂၆

          ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ ရန်ပုံငွေကျပ် (၄၆၆၂ ဒဿမ ၅၈၈)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်လမ်းတစ်ခုဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည် (၆)မိုင် (၃)ဖာလုံ၊ (၂၄) ပေအကျယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပိုင်းရှိ ရှဒေါင်ကျေးရွာလမ်းခွဲ၌ ကျင်းပပြုလုပ်သည်။

          ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဖွင့်လှစ်မည့် နန်ပေါင်လေယာဉ်ကွင်းရှောင်ကွင်းလမ်းသည် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှတစ်ဆင့် မြစ်ကြီးနားမြို့ သို့ ဒုတိယဝင်ပေါက်လမ်းတစ်လမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်များအနေဖြင့် မြစ်ကြီးနားမြို့သို့ ဝင်ရောက်ရာတွင် ယာဉ်ကြောကြပ်တည်းမှု လျော့နည်းစေပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင် မြန်စွာသွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် အဆိုပါလမ်းပေါ်ရှိ မော်ဖောင်းကျေးရွာနှင့် ငါ့အို့ ကျေးရွာနေဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အလားတူ မကြာမီအကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ အစိုးရ ဌာနဆိုင်ရာရုံးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုံများနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိမိ တို့အစိုးရအဖွဲ့အနေဖြင့် လမ်းတံတားများအဆင့်မြှင့်တင်တည်ဆောက်ပေးနေသည့်အတွက် ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးအပြင် ကုန်စည်စီးဆင်းမှုနှင့် ဒေသထုတ်ကုန်များကို အချိန်တို အတွင်း လွယ်ကူမြန်ဆန်စွာတင်/ပို့နိုင်မည်ဖြစ်သည့်အတွက် များစွာအကျိုးဖြစ်စေမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်မောင်အုန်းက လမ်းတည် ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှဒေါင်ကျေးရွာမှ ရပ်မိရပ်ဖဦးမဂျီခန့်က ကျေးရွာမှတစ်ဆင့် မြစ်ကြီးနားမြို့သို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်ရေး ကွန်ကရစ်လမ်းသစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။

          ယင်းနောက် လမ်းသစ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည် လင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းတို့နှင့် ပြည်နယ်လမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ကရစ်လမ်းသစ်၏ ကဗ္ပည်း မော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြ ကာ တက်ရောက်လာကြ သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်း ရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ဘင်ခရာ၊ပန်းပွားအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ကွန်ကရစ် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်ခဲ့ ကြသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာများမှ ရပ်မိရပ်ဖများအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ လမ်းသစ်နှင့် ချိတ်ဆက်ထားသည့် ငါ့အို့ကျေးရွာသို့ သွားရောက်ပြီး ငါ့အို့ကျေးရွာမှတစ်ဆင့် မော်ဖောင်းကျေးရွာသွားလမ်းပေါ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ်သန်း(၂၀၀)ဖြင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန် ယူဆောင်ရွက်လျက်ရှိသည့်  အရှည်ပေ ၃၀၀ ၊ အကျယ် ၂၇ ပေ ၆ လက်မရှိ နန်းကွေ့ချောင်းကူး သံကူကွန်ကရစ်တံတားသစ်တည်ဆောက်ရေးစီမံကိန်း၌ တံတားဘိုးတိုင်များ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခင်ကြိုးတံတားအဟောင်းသည် လူနှင့် ဆိုင်ကယ် သာသွားလာနိုင်သဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ လွယ်ကူမြန်ဆန်စွာ သယ်ယူနိုင်ရေး တည်ဆောက် ပေးခြင်းဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယနေ့ဖွင့်လှစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ရှဒေါင်လမ်းခွဲမှ တစ်ဆင့် နည်းပညာတက္ကသိုလ် အနီးမှ မြစ်ကြီးနားမြို့ရှောင်လမ်းဖြင့် ချိတ်ဆက်ထားသည့် အရှည် (၆)မိုင် (၃)ဖာလုံ၊ အကျယ် (၂၄) ပေရှိ ဒုတိယမြို့ဝင် ကွန်ကရစ်လမ်းတစ်ခုအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း အဓိကလမ်းမကြီး များဖြစ်သည့် ရွှေဘို-မြစ်ကြီးနားလမ်း၊ နမ္မတီး-ပန်ဆောင်လမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကသာ- စင်ခန်းလမ်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ချီဖွေ-လုပီ-ပန်ဝါလမ်း၊ အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်သွား)လမ်း၊ ပူတာအိုလွင်ပြင်ပတ်လမ်း၊ မချမ်းဘော့-ဖရုခ-နောင်မွန် လမ်း စသည့် လမ်းများကို AC လမ်းမကြီးများ၊ ကွန်ကရစ်လမ်းများအဖြစ် နှစ်စဉ်စီမံချက်ရေးဆွဲ၍အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယခုနှစ်တွင်လည်း လမ်းဦးစီးဌာနအနေဖြင့် AC လမ်းပေါင်း (၁၉)မိုင်(၆)ဖာလုံ၊ ကွန်ကရစ်လမ်းပေါင်း (၃၆)မိုင် (၇)ဖာလုံတို့နှင့် ပေ (၅၀)အောက် RC တံတား (၉၆)စင်းတို့ဖြင့် ပြည်နယ်အတွင်း စုစုပေါင်း လမ်းတံတားလုပ်ငန်းပေါင်း ၆၀၀ ကျော်ကို တည်ဆောက်ပြီးစီးခဲ့ကြောင်း ပြည်နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။