ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ မဒိန်းကျေးရွာအတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက ၁၀၀ ဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ မဒိန်းကျေးရွာအတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက ၁၀၀ ဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်း သို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြသည်။

          ထို့သို့ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် က နန်ဆန်ယန်ဒေသမှ RC ဘုရားကျောင်းသို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၂၅၈)ဦး၊ မိုင်းနားကျေးရွာအုပ်စု AG Camp သို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၁၃)စု၊ လူဦးရေ (၅၃)စု စုစုပေါင်း အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၃၁၀)ဦးတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေး စကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိမ်း‌ရှောင်မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ဆန် အိတ် (၁)အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် (၈၂)အိတ်နှင့် ခေါက်ဆွဲခြောက်ဖာ (၈၂)ဖာနှင့် ကြက်ဥ (၈၂၀) လုံးကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးတို့က အိမ်ထောင်စုများအတွက် ဆေးစိမ်ခြင်ထောင်များကိုလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ရာ တိမ်းရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြ သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အားပေးစကားပြောကြားကာ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာအတွင်းရှိ လပြည့် ဝန်းလူမှုအသင်း(ခကွမ်)ရုံး ဧရာဝတီခန်းမဆောင်၌ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ ပြီး ကျေးလက်နေတောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေ ရေးနှင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး သွင်းအားစုလိုအပ်ချက်များ၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များ၊ နည်းပညာလိုအပ်ချက်များ ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဈေးကွက်ရရှိရေး၊ စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မား လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် မိုးစပါးအထွက် တိုးတက်မြင့်မားရေး၊ မိုးစပါးအပြီး ဆောင်းသီးထပ်သီးနှံစိုက်ပျိုးရေးနှင့် ဆီထွက်နှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် လိုအပ်သည် များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေးသွင်းအားစု လိုအပ်ချက်များ၊ ကုန်ထုတ်လမ်း၊ တံတားလိုအပ်ချက်၊ မြေသြဇာနှင့် နည်းပညာလိုအပ်ချက်များ၊ ဆောင်းသီးထပ်သီးနှံအတွက် စိုက်ပျိုးရေ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်က မျိုးကောင်းမျိုးသန့်ရရှိရေး ဖြန့်ဝေဆောင်ရွက်သွားနိုင်ရေး၊ ဆီထွက်သီးနှံနေကြာအပါအဝင် ဆောင်းသီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး မြစ်ချောင်းအင်းအိုင်များမှ ရေအရင်းအမြစ်ရရှိရေး၊ စိုက်ဧက အလိုက် စက်ရေတွင်း၊ ဆိုလာစနစ်ဖြင့် ရွေ့လျားရေတင်စက်များ ဆောင်ရွက်ပေးနိုင်ရေး၊ ဈေးကွက် ရရှိရေးနှင့် လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့မှတစ်ဆင့် မဒိန်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြည်နယ်စက်မှု          လယ်ယာဦးစီးဌာနမှ စက်မှုလယ်ယာစနစ်ကျလယ်မြေဧက ၁၀၀ ဖော်ထုတ်ထားရှိသည့် စီမံကိန်း ဧရိယာအတွင်း လယ်ယာမြေများပေါ်တွင် ကုန်ထုတ်လမ်း၊ ရေသွင်း/ရေထုတ်မြောင်းများဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် သဘာဝမြေဆီမြေနှစ်ပြည့်ဝရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပင် များ စိုက်ပျိုးထားရှိမှု၊ မိုးစပါးစိုက်ပျိုးနိုင်ရေး စပါးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေများ နှင့် သီးထပ်သီးနှံစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကြိုတင်စီမံဆောင်ရွက်သွား ရန်နှင့် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲတွင် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ လူအများဝင်/ထွက်သွားလာအပန်းဖြေနေရာ တစ်ခုဖြစ်သည့် စိမ်းမြဧရာပန်းခြံအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပေးဆပ်သူလူမှုကူညီ ရေးအသင်းတို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူအများအနားယူအပန်းဖြေနေရာတစ်ခုဖြစ်သည့်အတွက် သန့်ရှင်း သာယာလှပမှုရှိစေရေးနှင့် အများပြည်သူစိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရေး မြေယာရှုခင်းအလှအပ များ၊ ပန်းပွင့်များဖြင့် အမြဲစိမ်းလမ်းသစ်လွင်နေစေရန် စီမံဆောင်ရွက်သွားရေးအတွက် တာဝန်ရှိသူ များနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။