ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်ကော်မတီဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ် ရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်ကော်မတီဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ် ရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     ဇူလိုင် ၁၁

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်တာဆီးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အနည်းငယ်တွေ့ရှိလာပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်သွား ရန်လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် စနစ်တကျ စီမံချက်ရေးဆွဲပြီး ထိုးနှံပေးသွားရန်နှင့် ခရိုင်၊ မြို့နယ်များအလိုက် ကာကွယ်ဆေးကျန်ရှိမှုအခြေအနေ၊ ဆေးထိုးအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့၊ တည်နေရာနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့် အညီ ရည်မှန်းချက်ပြည့်မီအောင် ထိုးနှံပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးနိုင်ရေး ပညာရေးဌာနနှင့် ချိတ်ဆက်ပူးပေါင်း၍ ကြိုတင် စာရင်း ပြုစုကာ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ဦးတည်အုပ်စုအလိုက် ကျန်ရှိမှုမရှိစေရေး စီမံချက် ရေးဆွဲ ပြီး အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည် နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ကာကွယ်ဆေးရရှိမှုအခြေ အနေ၊ ခရိုင်မြို့နယ်များအလိုက် ကာကွယ်ဆေးဖြန့်ဝေပေးထားမှု အခြေအနေများ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများနှင့် ဗဟိုကော်မတီမှညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင်က ဦးတည်အုပ်စုအလိုက်ကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများအား အသက်အရွယ်အုပ်စုအလိုက် ထိုးနှံပြီးစီးမှု၊ ဆက်လက်ထိုးနှံပေးနေမှုအခြေအနေများနှင့် သတ်မှတ်ချက် ပြည့်မီစွာထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ခရိုင်ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအတွင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဦးတည်အုပ်စုအလိုက် လျာထားချက် ပြည့်မီစွာ ထိုးနှံပေးနိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများအား အသက်အရွယ်အုပ်စုအလိုက် ကာ ကွယ်ဆေးထိုးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် သတ်မှတ်ရာနှုန်းပြည့်မီစွာ ထိုးနှံပြီး စီးရေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်း ရည်မှန်းချက်ပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။    

          အလားတူ ပြည်နယ်ဝန်ကြီးချုပ် မွန်းလွဲ ၁ နာရီက အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ လေ့လာရေး ခရီးစဉ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွေ့ အကြုံများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်သည်။

          ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တို့၏အုပ်ချုပ်သူအစိုးရအချင်းချင်းချစ်ကြည်ရင်းနှီးစွာဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ကူးသန်း ရောင်းဝယ်မှုနှင့်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်သောကိုယ်စားအဖွဲ့၏ လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်ခဲ့ပါ ကြောင်း၊ထိုသို့ လေ့လာရေးသွားရောက်ခဲ့မှုအပေါ် မိမိတို့အနေဖြင့် လေ့လာနိုင်ရန်နှင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန်၊ သွင်းကုန်အပြင် ထုတ်ကုန်များ မျှတစွာတင်သွင်းနိုင်ရေး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားလာအောင် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ ၂၆.၆.၂၀၂၃ ရက်နေ့မှ ၃၀.၆.၂၀၂၃ ရက်နေ့အထိ (၅)ရက်ကြာ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့သော ခရီးစဉ် အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မြစ်ကြီးနား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ပေါင်စန်းပြည်နယ် ခွဲအတွင်း စိုက်ပျိုးရေး၊မွေးမြူရေး၊ အမြန်လမ်းနှင့်ရထားလမ်းကုန်စည်ပူးတွဲပို့ဆောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ၊ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့မှုများနှင့် ရရှိခဲ့ သည့်အကျိုးကျေးဇူးများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နှစ်ခုအကြား ချစ်ကြည် ရင်းနှီးမှုပိုမိုအားကောင်းခိုင်မာလာသည်နှင့်အမျှ မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းများ ပိုမိုရရှိစေရန် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။