ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြက်နှင့် နွားမွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေး၊ ဧရာဝတီရှုခင်းသာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အင်ဂျန်းချောင်းဆုံနေရာအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ်သိန်း (၁၀၀၀)ရင်းနှီးမတည်ပေးမှုဖြင့် ပိုင်ရှင် ဦးသိန်းဟန် အပါအဝင် အစုအဖွဲ့ (၂၇)ဦးဖြင့် ဆောင်ရွက်လျက်ရှိသည့် 5 Star မွေးမြူရေးနှင့် အထွေ ထွေစီးပွားရေးသမဝါယမအသင်းပိုင် ကြက်ခြံသို့ သွားရောက်ပြီး ကြက်ခြံများအတွင်း ကြက်ပေါက် ကောင်ရေ ၃၅၀၀ အား စနစ်တကျမွေးမြူထားရှိမှု အခြေအနေများနှင့် အသားတိုးကြက်ကောင်ရေ ၃၅၀၀ ဖြင့် စုစုပေါင်းကြက်ကောင်ရေ (၇၀၀၀)အား စီးပွားဖြစ် မွေးမြူဖြစ်ထွန်းအောင်မြင်နေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြက်မွေးမြူရေးသမဝါယမအသင်းထံ စွမ်းအားပြည့်ရော စပ်အစာမှုန့်များ၊ ခြံဖျန်းပိုးသတ်ဆေးများ၊ ကြက်အစာအိတ်များနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါ ကျေးရွာအုပ်စုအတွင်း ပြည်ထောင် စုလမ်းမကြီးဘေးရှိ ပိုင်ရှင် ဦးဝင်းမြင့်၏ စီးပွားဖြစ် အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ကြက်ခြံများအတွင်း ကြက်သားပေါက်ကောင်ရေ (၃၀၀၀)ကျော် မွေးမြူထားရှိမှု၊ အရွယ်ရောက် ကြက်ကောင်ရေ (၆၀၀၀)ကျော်တို့ဖြင့် စုစုပေါင်းကြက်ကောင်ရေ (၁၀၀၀၀)ကျော် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူထုတ်လုပ်မှုတိုး တက်လာသည်နှင့်အမျှ ဒေသတွင်း အသားစားသုံးမှုဖူလုံစေသည့်အပြင် ကုန်ဈေးတည်ငြိမ်စေပါ ကြောင်း၊ ထို့အပြင် အာဟာရပြည့်ဝသည့် အစားအစာများ ညီညွတ်မျှတစွာ ကျွေးမွေးနိုင်ရေးနှင့် ရောဂါအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးထောက်ပံ့ကူညီပေးနိုင်ရေး ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စွမ်းအားပြည့်ရောစပ် အစာမှုန့်များ၊ခြံဖျန်းပိုးသတ်ဆေးများ၊ ကြက်အစာအိတ်များနှင့်မွေးမြူရေးအထောက်အကူပြုဆေးဝါး များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေအိုက်(ရွှေပြည်သာ)ရပ်ကွက် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပိုင်ရှင်ဦးဉာဏ်လင်းကျော် အပါအဝင် အစုအဖွဲ့ဝင် (၁၅)ဦးတို့၏ “ဇွဲမာန်” အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းစု၏ နွားမွေးမြူရေးခြံသို့ သွားရောက်ခဲ့ပြီး အဆိုပါခြံဝင်းအတွင်း ဒေသနွားကောင်ရေ (၃၀)ကျော်မွေးမြူ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နွားစာဝယ်ယူရရှိမှု အခြေအနေ များ၊ ဒေသတွင်း ဈေးကွက်ရရှိမှု အခြေအနေများနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ခြံဖျန်း ပိုးသတ်ဆေးများ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ ပိုင်ရှင် ဦးမင်းမင်း၏ နို့စားနွားနှင့် ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး နွားခြံများအတွင်း ဒေသနွားများ၊ ဘရာမင်နွားမျိုးများနှင့် နို့စားနွားကောင်ရေ (၈၀)ခန့် မွေးမြူထားရှိမှု အခြေအနေများနှင့် ခြံဝင်းအတွင်း မြင်း၊ ဒေသဆိတ်များ ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း မွေးမြူ‌ရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် အသားစားသုံးမှုဖူလုံလာစေမည်ဖြစ် သည့်အတွက် မွေးမြူလုပ်ကိုင်သူများအား အားပေးကူညီနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ခြံဖျန်းပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ လုံဂါပါစားသောက်ဆိုင်အနီး အင်ဂျန်းခချောင်းနှင့် ဧရာဝတီမြစ်ဆုံသည့် မြစ်ဆိပ်နေရာ၌ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းတစ်ခု အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ယန္တရားကြီးများဖြင့် မြေယာပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ (၁၈)ပေအကျယ် ကွန်ကရစ်လမ်းဖောက်လုပ်နိုင်ရေးအတွက် မြေသား အမာခံလမ်းဖောက်လုပ်နေမှုနှင့် မြေဧရိယာအကျယ်အဝန်းအတွင်း အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အင်ဂျန်းချောင်းဧရိယာရှင်းလင်းရေးလုပ်ငန်းနှင့် ချောင်းရေစီးရေလာကောင်း မွန်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ အင်ဂျန်းခချောင်းဆုံ နေရာမှ သီတာရပ်ကွက်၊ ဆုတောင်းပြည့်စေတီ မြစ်ဆိပ်ကမ်းအထိ ကမ်းနားလမ်းတစ်လျှောက် သဲသောင်ခုံပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြည်စေရေး ဆောင်ရွက် ထားသည့် ဆီထွက်သီးနှံများဖြစ်သည့် ဆီမုန်ညှင်းနှင့် ပန်းနှမ်းစိုက်ခင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။