မြစ်ကြီးနား ဇွန် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မန္တလေးမြို့၌ ခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဂွေးချိုတိုက်၊ ရန်ကုန်အုတ်ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နမောတဿသုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗန်းမော်ခရိုင်အတွင်းမှ ဝန်ထမ်းများနှင့် ပြည်သူများက ဆရာတော်ထံမှ သြဝါဒါစကားနာယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့က တိမ်းရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်း (၂၅၀)ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးမိသားစုက ငွေကျပ် သိန်း (၅၀)ကိုလည်းကောင်း စုစုပေါင်း ငွေကျပ်သိန်း (၃၀၀)ကို ပေးအပ်လှူဒါန်းရာ ဝန်ထမ်းများနှင့် ပြည်သူများက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ် ဘုရားကန်တော့ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများနှင့် ဗန်းမော်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး ခဲ့ကြောင်း သိရသည်။


