ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန်နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန်နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ဗန်းမော်         ဖေဖော်ဝါရီ ၄

          ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူး များနှင့် တွေ့ဆုံပြီး မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)နှင့် ပန်းခြံသာယာလှပရေး တိုးချဲ့ဆောင်ရွက် သွားမည့်အစီအစဉ်များကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ခရိုင်အတွင်း မြို့နယ်များမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်းရှိ မြို့များ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လမ်း၊ တံတား၊ ရေပေးဝေရေး၊ ပန်းခြံနှင့် အပန်းဖြေနေရာများ ဖော်ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ဗန်းမော်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မေတ္တာမွန်ရေကန်(ဂေါ်ရာကန်) တွင် ပြည်သူများကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် မြေယာအလှ ရှုခင်းနှင့် သစ်ပင်ပန်းမံအလှဆင်ခြင်းလုပ်ငန်းများ၊ တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ ကလေးကစားကွင်း ဆောင်ရွက်ထားရှိမှုတို့ကို တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ခရိုင်သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါသစ်တောရုံး၌ ဗန်းမော်၊မံစီ၊ ရွှေကူမြို့နယ်ရုံး ဝန်ထမ်းများအတွက် GPS ကိုင်တွယ် အသုံးပြုခြင်း၊ Global Mapper ArcGIS Software များ အသုံးပြု၍ မြေပုံထုတ်လုပ် ခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။