ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန်မှာ ကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန်မှာ ကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၂၂

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံ တော်အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီ တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြား ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်မြှင့်မားအောင်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ညွှန်ကြားချက်များအပေါ်အလေးထား လိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အချင်းချင်း ပူးပေါင်းချိတ်ဆက်၍ လျင်မြန်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစားသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

           ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် လိုက်နာအကောင်အထည် ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ခရိုင်/ မြို့နယ်များအလိုက် မြေပြင်စာရင်းမှန် စိစစ်၍ ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြို့နယ်များတွင် စိုက်ပျိုးမွေးမြူရေး နှင့်ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမြေဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးဆောင်ရွက် ထားရှိသည့် အခြေအနေများနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများကို လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

          ထို့နောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ရေးသည် အမှန်တကယ် အောင်မြင်အောင်ဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်သကဲ့သို့ နိုင်ငံနှင့် ပြည်နယ်အတွက် အကျိုးရှိထိရောက်စေရေး၊ မြန်မြန် ဆန်ဆန်ဖြင့် လျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နံနက် ၇ နာရီခွဲက မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ဖြစ်သည့် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း/ အမှုထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေ မြောင်းများ ရှင်းလင်းတူးဖော်ပေးခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့အပြင် ကချင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း စီမံကိန်းများ ဆောင်ရွက်ရာတွင် စနစ်တကျစီမံကွပ်ကဲဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံရသည့် အခက်အခဲ လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ လုပ်ငန်းစီမံကိန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဌာန ၏လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ မူဝါဒများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်သည့်အပြင် ယခုလို ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရွက်ပေါ်မှာထက် မြေပြင်အမှန်ဆောင်ရွက်နေမှု၊ အကျိုးကျေးဇူးဖြစ်ထွန်းမှု၊ ထပ်မံပြီး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ကျိုးကြောင်းထင်ရှားပေါ်လွင်စေပြီး ကိန်းဂဏန်းအချက် မှန်ကန်စွာဖော်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရာတွင် ဘဏ္ဍာနှစ်အလိုက် မဖြစ်မနေ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ကြိုတင်ရေးဆွဲဆောင် ရွက်ထားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် တင်ဒါလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး အဂတိကင်းရှင်းရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ချိန်ပြီးစီးရေး တို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ အနီးကပ်ကြပ်မတ် စစ်ဆေးဆောင်ရွက်ရန်လိုကြောင်းနှင့် မိမိတို့အနေဖြင့် ယခုထက် (၂)ဆပိုမိုကြိုးစားဆောင်ရွက်ကြရေးကို အထူးမှာကြားလိုကြောင်း ပြော ကြားသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဝန်ကြီးဌာနများအလိုက် ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများ၏ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းသုံးသပ်ဆွေးနွေးတင် ပြကြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ် အလိုက် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအပေါ် အားနည်းချက်/ အားသာချက်များ ကို သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ကြိုးစားမှုများဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းလက်တွဲဆောင် ရွက်သွားရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေပြီး လူနေမှုစနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် Kachin State Clean & Green Team အဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ ပညာရေး ကောလိပ်လမ်းနှင့် ရုံးကြီးလမ်းဆုံမှ ဂေါက်ကွင်းလမ်းဆုံအထိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။