ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံပေး

 ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံပေး

မြစ်ကြီးနား အောက်တိုဘာ ၂၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အမျိုး သမီးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင်လည်း ကာကွယ်ဆေးစတင်ထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ MICC-2 ခန်းမ၌ Virsual / Online ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုးအစီအ စဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထည့်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ ပညာပေးဗီဒီယိုဖွင့်လှစ်ပြသခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းစသည့် အခမ်းအနားပြုလုပ်ကျင်း ပမှုများကို ကချင်ပြည်နယ်မှနေ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများ၊ ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ်များနှင့် မိခင်များက တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ဗဟိုအဆင့်အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၉)နှင့် (၁၀)နှစ်ကြား မိန်းကလေးငယ် (၅)ဦးတို့အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံမှု ကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး မိန်းကလေးငယ်များအား လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံပေးရန် ကချင်ပြည်နယ်အတွင်းရှိ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၃၁)ရက်အတွင်းမှာ မွေးဖွားခဲ့သည့် အသက် (၉) နှစ်နှင့် (၁၀) ကြား မိန်းကလေးငယ်အားလုံးကို စာရင်းကောက်ယူထားပြီး ပထမအကြိမ်အဖြစ် ရည်မှန်းဦးရေ (၁၅၇၆၉)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရပြီး ကာကွယ်ဆေးထိုးနှံခြင်းကို လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်နှင့်အညီ ပြည်သူ လူထုအခြေပြုပုံစံဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြား၍ (၂) ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။