မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်လာစေရေး ဌာနဆိုင်ရာများ၏ ကွင်းဆင်းတွေ့ရှိချက်များ ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များအပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အစည်းအဝေးကျင်းပ

 မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်လာစေရေး ဌာနဆိုင်ရာများ၏ ကွင်းဆင်းတွေ့ရှိချက်များ ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များအပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အစည်းအဝေးကျင်းပ

မြစ်ကြီးနား     ဇူလိုင် ၂၅

          ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ၊ မေခနှင့် မလိခမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများ အပေါ် တွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝအလှများကို အခြေခံ၍ ပြည်တွင်း/ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင် ရေး ရှိရင်းစွဲခရီးစဉ်ဒေသများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ခရီးစဉ်ဒေသများကို စနစ် တကျရေးဆွဲအကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ရာ ဧရာဝတီမြစ်ဆုံဒေသအား ခရီးသွားပြယုဒ်တစ်ခု အဆင့်မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ ရှိရင်းစွဲ မူလသဘာဝအလှအပများကို ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ သန့်ရှင်းသပ်ယပ်စွာဖြင့် ပြည်တွင်း/ ပြည်ပခရီးသွားများ ဆွဲဆောင်နိုင်ရေး အားလုံးက ဝိုင်းဝန်း ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်က မြစ်ဆုံ ခရီးစဉ်ဒေသအတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပထမ (၅)နှစ်တာ ကာလနှင့် ဒုတိယ (၅)နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကိုလည်းကောင်း၊  ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးခိုင်ဦးက မြစ်ဆုံခရီးစဉ်ဒေသအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာပေါင်းစုံ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ (၁၆.၇.၂၀၂၃)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သော တွေ့ရှိ ချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို ပါဝါပွိုင့်ဖြင့် လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ/ နည်းဥပ‌ဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသီးသီး သုံးသပ် ရှင်းလင်းတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ဆုံဒေသသည် ပြည်နယ်၏ ပြယုဒ် တစ်ခုဖြစ်သကဲ့သို့ ပြည်ထောင်စု၏ ပြယုဒ်တစ်ခုလည်းဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများကို အပိုင်းအလိုက် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ကြရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မွန်းလွဲ ၁ နာရီတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ရှေ့လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်နှင့် ယခုနှစ် တွင် ယာယီခိုလှုံရာစခန်းနေပြည်သူများအား မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သလို ထိုသို့ ပြန်လည်ရွှေ့ပြောင်းပေးရာတွင်လည်း ဆန်၊ ဆီ၊ ရိက္ခာနှင့် အသုံးအဆောင်များ၊ ပြောင်းရွှေ့စရိတ်များ အဖြစ် ငွေကျပ် (၁၃၂၅၉၂၀၀၀)ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့သည့်အပြင် ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုများအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နှင့်အညီ လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း နေရပ်စွန့်ခွာပြည်သူများ နေရပ် ပြန်လည်နေထိုင်နိုင်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင် မြို့နယ်များအလိုက် IDPs စခန်းများရှိ အိမ်ထောင်စုများ၊ ပြန်လည်နေရာချထားပေးနေမှုများနှင့် ထပ်မံရွှေ့ပြောင်းပေးနိုင်ရေး မြေနေရာလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေအိမ်များ တည်ဆောက်ပေးရန်ကိစ္စရပ်များ၊ ဘဏ္ဍာငွေလျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံ ကိန်းများနှင့် စပ်လျဉ်း၍ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။