၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲတွင် အောင်ပွဲရခဲ့သော ပြည်နယ်‌လက်ရွေးစင် ဝူရှူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     အောက်တိုဘာ ၂၁

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ သည့်တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် အောင်ပွဲရခဲ့သည့် ပြည်နယ်လက်ရွေးစင် ဝူရှူး အသင်းအား ကချင်ပြည်နယ်အစိုးရ အဖွဲ့မှတာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်က မြစ်ကြီးနား လေဆိပ်တွင် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

    ထိုသို့အောင်ပွဲရပြည်နယ်လက်‌ရွေးစင်ဝူရှူးအသင်းအား ကြိုဆိုဂုဏ်ပြုရာတွင် ကချင်ပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့်တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာအကများ ၊ဂုဏ်ပြုတီးဝိုင်းများ ၊အေရိုးဗစ်အကများ ဖြင့် ကပြတီးမှုတ်ကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ 

အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအနေဖြင့် ‌အောက်တိုဘာ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ် (၅)ခု ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄)ခု အနက် တတိယဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ တွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အားကစားနည်း (၁၁) မျိုးတွင် ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီး ဘောလီဘောအသင်းတို့က တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအနေဖြင့် အမျိုးသား/ အမျိုးသမီးနှင့် စုပေါင်းတံခွန်စိုက်ဆု ဖလား (၃)ခုစလုံးကို လည်းကောင်း ဆွတ်ခူးရရှိထားပြီး အားကစားနည်းများအလိုက် စုစုပေါင်း ရွှေ ၁၅ ခု၊ ငွေ ၁၃ ခု၊ ကြေး ၈ ခုရရှိထားကြောင်း ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။