ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် သန့်ရှင်းသာယာလှပရေးအတွက် ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားရေစင်ကွင်း ဈေးအဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် သန့်ရှင်းသာယာလှပရေးအတွက် ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားရေစင်ကွင်း ဈေးအဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၂၂

          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည်  ပြည်နယ်ဝန်ကြီးများနှင့်အတူ အပတ်စဉ် စနေနေ့တိုင်း မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေးအတွက် အခြေခံပညာကျောင်းများ၊ အများ ပြည်သူ အပန်းဖြေရာနေရာများ၊ ဘာသာရေးအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက် နံနက် ၇နာရီခွဲက စီတာပူရပ်ကွက်ရှိ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံတပ်မတော် သားများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း လမ်းဘေးဝဲ/ယာတစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာရှိ ရေကူးပြေးလမ်း ၁၀ လမ်းပါ  မြန်မာနိုင်ငံတွင် အကြီးဆုံးရေကူးကန်တစ်ခုအဖြစ်တည် ဆောက်မှု ပြီးစီးမှုအခြေအနေများ၊ ခေတ်မီနည်းစနစ်ဖြင့် ရေသန့်ပေးသည့် စက်ကိရိယာများတပ်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရေကူးကန်ဘေး ပတ်လည်လျှောက်လမ်းများ ကြွေပြားခင်း နိုင်ရေး၊ ပွဲကြည့်စင် ထိုင်ခုံများ တပ်ဆင်နိုင်ရေး၊ ရေကူးကန်ခြံဝင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနား ရေစင်ကွင်းဈေး အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ၊ အရာထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေးအား မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး၊ တည် ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများနှင့် ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းမှာကြားသည်။

        ထို့နောက်တာဝန်ရှိသူများ ကရေစင်ကွင်းဈေးအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် သွားမည့်လုပ်ငန်းများ၊ ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ စသည့်ဈေးသစ်စီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။