(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မနောပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေး‌နွေး

 (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မနောပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့သည် (၇၅)နှစ် မြောက် စိန်ရတုပြည့်နှစ် ဖြစ်သည့်အတွက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား တွင် မနောပွဲတော်၊ ဒေသထုတ်ကုန်ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ပြီးနောက် ၆ ရက်အကြာတွင် ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နေ့မှ စတင်၍ ကချင်ပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုနှစ်သို့ ရောက်ရှိပြီဖြစ်ပါ ကြောင်း၊ ကချင်ပြည်နယ်နေ့သည် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအားလုံး၏ အထိမ်း အမှတ်နေ့ဖြစ်သည့်အပြင် လာမည့် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားကို မနောပွဲတော်ဖြင့် ထူးခြားစည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များ အလိုက် ဟာကွက်မရှိ ကြိုတင်စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် ဆပ်ကော်မတီ အသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်း အမှတ်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးဆပ်ကော်မတီအလိုက်လုပ်ငန်းတာဝန်များအပေါ် ကြိုတင် ပြင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မနောပွဲအကဖြင့် ဆင်နွှဲနိုင်ရေး၊ တိုင်းရင်းသားရိုးရာအကပဒေသာဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ဌာနဆိုင်ရာပြခန်းများအပါအဝင် ဒေသထုတ်ကုန်ပြခန်းများ ပြသနိုင်ရေး၊ ဂုဏ် ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များ အပ်နှင်းခြင်း အခမ်းအနားများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် မနောပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီများတွင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ထည့်သွင်းဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။