ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီး ဘောလီဘောပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းနှင့် ကြက်တောင်သက်တမ်းလိုက် ပြိုင်ပွဲ GODS Master Challenge ပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  ဇွန် ၂၅

          ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ကချင် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဘောလီဘောအသင်းအနေဖြင့် တတိယဆုကိုရရှိခဲ့ပြီး  ကြက်တောင်အားကစားနည်းတွင် သက်တမ်းလိုက်ပြိုင်ပွဲဖြစ်သည့် Gods Master Challenge ပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်လက်ရွေးစင်ဘောလီဘောအသင်းအနေဖြင့် တတိယဆုကိုရရှိခဲ့သည့်အပြင် ပွဲစဉ်တစ်လျှောက် ပိတ်ဆို့မှုအကောင်းဆုံးဆုနှင့် အသက်အငယ်ဆုံးနှင့် အတိုးတက်ဆုံး မျိုးဆက်သစ် အားကစားသမားဆုကိုပါရရှိခဲ့ပါကြောင်း၊ ထို့အတူ ကြက်တောင်အသင်းအနေဖြင့်လည်း တစ်ဦးချင်းလူသစ်တန်း(မ) ရွှေတံဆိပ်၊ နှစ်ယောက်တွဲလူသစ်တန်း (မ) ရွှေတံဆိပ်နှင့် တစ်ဦးချင်လူသစ်တန်း (ကျား) ကြေးတံဆိပ်များကို ပြည်နယ်ကိုယ်စား အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဂုဏ်ဆောင်အောင် အသီးသီးဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ယနေ့ အောင်မြင်မှုများသည် အစပြုခြင်းသာဖြစ်သည်အတွက် နောင်လာမည့် ပိုမိုကောင်းမွန်သော ရလာဒ်များရရှိအောင် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ဘောလီဘောနည်းပြက ပြိုင်ပွဲအတွေ့အကြံများနှင့် ဆုတံဆိပ်များ ရရှိခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ဘောလီဘောအသင်းအတွက် ငွေကျပ် ၃၅ သိန်းနှင့် ပွဲစဉ်တစ်လျှောက် ပိတ်ဆို့ မှုအကောင်းဆုံးနှင့် အသက်အငယ်ဆုံးနှင့် အတိုးတက်ဆုံးမျိုးဆက်သစ်အားကစားသမားဆုရ မယန်ရှီလာမီးအတွက် ငွေကျပ် (၅)သိန်းကိုလည်းကောင်း၊ ကြက်တောင်ပြိုင်ပွဲတွင် သက်တမ်းအလိုက် တစ်ဦးချင်းတံဆိပ်ဆုရ အမျိုး သမီးအားကစားသမားနှစ်ဦးအတွက် ငွေကျပ်သိန်း ၂၀ နှင့် ကြေးတံဆိပ်ဆုရ အမျိုးသားကြက်တောင်အားကစားသမားအတွက် ငွေကျပ် ၅ သိန်းကိုလည်းကောင်း၊  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၆ သိန်းနှင့် အလှူရှင်များက ဂုဏ်ပြုငွေများကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ ဆုရပြိုင်ပွဲဝင် ဘောလီဘောကစား သမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး လဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံဂုဏ်ပြုခဲ့ကြောင်း သိရသည်။