ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး နောင်တာလော ရေလယ်ကျွန်းပေါ်တွင် မလိခသဲသောင်ပြင် ကမ်းခြေငယ် အပန်းဖြေစခန်းဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး နောင်တာလော ရေလယ်ကျွန်းပေါ်တွင် မလိခသဲသောင်ပြင် ကမ်းခြေငယ် အပန်းဖြေစခန်းဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကို အခြေခံသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ နောင်တာလောရေလယ် ကျွန်းပေါ်တွင် ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ခရီးသွားလုပ် ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မလိခသဲသောင်ပြင် ကမ်း ခြေငယ်အပန်းဖြေစခန်းကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲက ဖွင့်ပွဲကျင်းပပြုလုပ်သည်။

          အဆိုပါ မလိခသဲသောင်ပြင် ကမ်းခြေငယ် အပန်းဖြေစခန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ရေမြေတောတောင်သဘာဝအလှတရားများကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ အသင်းအဖွဲ့အသီးသီးနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ အလားတူ ယခုလို ခရီးစဉ်ဒေသအသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်ကာ သန့်ရှင်းသာယာပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းဖွင့်ပွဲအတွက် သိက္ခာတော်ရဆရာတော် ဂျီဇုံးချန်းက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခိုင်ဦး၊ ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်တို့က မလိခသဲသောင်ပြင် ကမ်းခြေငယ်အပန်းဖြေ စခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မလိခသဲသောင်ပြင် ကမ်းခြေငယ်အပန်းဖြေစခန်းဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား    သူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက သဲသောင်ပြင်ကမ်းခြေငယ်အပန်းဖြေစခန်း၌ ရိုးရာစားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေ မှု၊သဲသောင်ပြင်ပေါ်ရောင်စုံထီးများ၊ အပန်းဖြေတဲငယ်များ၊ ပန်းအလှများဖြင့် အလှဆင်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး Sport Zone အတွင်း သဲသောင်ပြင်ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ အပျော် တမ်းမြှားပစ်ခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ဘောလုံးတာယာကွင်းကန်သွင်းခြင်းနှင့် ခြင်းလုံးဖြင့် သံဘူး ပေါက်ကစားနည်း၊ သဲသောင်ပြင် (၄)ဘီးဆိုင်ကယ်စီးခြင်းတို့ကို လည်းကောင်း အပန်းဖြေလာရောက် သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သဲသောင်ပြင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများ အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

          ယင်းနောက် သဲသောင်ပြင်ပေါ်တွင် မနောကွင်းပုံစံတူ မနောကွင်းအတွင်း၌ ဖွင့်ပွဲအထိမ်း အမှတ် လာရောက်လည်ပတ်အပန်းဖြေသူများနှင့်အတူ မနောအကကို တစ်ပျော်တစ်ပါး စုပေါင်းကပြ ခဲ့ကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် အမြန်စီးရေယာဉ်များဖြင့် ရေလယ်ကျွန်း စိုက်ခင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          အဆိုပါ မလိခသဲသောင်ပြင် ကမ်းခြေငယ် အပန်းဖြေစခန်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားပြီး မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက် လဖစက်လှေဆိပ်မှ တစ်ဆင့် စက်လှေ အသင်းနှင့် ချိတ်ဆက်ထားပြီး ရေလယ်အပန်းဖြေစခန်းသို့ အသွား/အပြန် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀ နှုန်းကျသင့်မည်ဖြစ်ကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ပူတာအိုခရိုင် Old Star ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၃ ဂိုး ၃ ဂိုးဖြင့် သရေကျခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချစ်ကြည်ရေဘောလုံးပွဲအတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ပူတာအိုခရိုင် Old Star ဘောလုံးအသင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ၊ ဘောလုံးပွဲဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီခဲ့ကြသော ဒိုင်အဖွဲ့ဝင်များ၊ သရုပ်ပြအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။