မြစ်ကြီးနား ဒီဇင်ဘာ ၃
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ပြည်နယ်မသန်စွမ်းသူများအသင်း အဖွဲ့က အဖွင့်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အတွက် “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန် စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်တွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက်ကျန်ရစ်ခဲ့ခြင်း မရှိစေရေး ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မမေ့မလျော့ ကူညီဆောင်ရွက်ပေးသွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော မသန်စွမ်းအသင်းအဖွဲ့များ၊ မသန်စွမ်းသူများအရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် လူမှုကူညီရေးအသင်းအဖွဲ့များက ကုလသမဂ္ဂထံမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပေးပို့လာသည့် သဝဏ်လွှာ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေး ခဲ့ကြပြီး မသန်စွမ်းသူများအသင်းအဖွဲ့မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ထပ်မံကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်မသန်စွမ်းသူများအသင်းအဖွဲ့မှ ကျောင်းသား/ ကျောင်းသူလေး များက ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကချင်ပြည်နယ်မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးလမုန်ဂမ်ဖန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ၍ လူထုအခမ်းအနား အပါအဝင် အဖွင့်မနော၊ အပိတ်မနောအကများဖြင့် စုပေါင်းကခြင်း၊ ပြခန်းများ၊ ပြိုင်ပွဲများဖြင့် ယခင်နှစ်များနှင့် မတူ ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နေ့သည် လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု၏ အနှစ်သာရကို ပေါ်လွင်အောင် ကျင်းပ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး ပိုမိုကောင်းမွန်ပြည့်စုံအောင် ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အခမ်းအနားကျင်းပပြုလုပ်ရာ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် လည်း ကောင်း၊ ကျင်းပပြုလုပ်ချိန်တွင် လည်းကောင်း စုစုစည်းစည်းဖြင့် အားနည်းချက်မဖြစ်ပေါ်စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယခင်နှစ်များနည်းတူ ကျင်းပခြင်းဖြစ်သော်လည်း ပိုမိုကောင်းမွန်အောင်၊ ပိုမိုစည်ကားသိုက်မြိုက်အောင်၊ အားလုံးပါဝင်နိုင် အောင် အနှစ်သာရပြည့်ဝစွာ ကျင်းပသွားနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် လျာထားအစီအစဉ်အပေါ် လိုအပ်သည်များ ဆောင်ရွက်ပေး နိုင်ရေး ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် ဇန်နဝါရီ(၈)ရက်နေ့မှ စတင်၍ ပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား များ ကျင်းပပြုလုပ်သွားနိုင်ရေး၊ မနောအကဖွင့်ပွဲ၊ ပိတ်ပွဲနှင့် လူထုအခမ်းအနားများ၊ ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဆုပစ္စည်းများအပ်နှင်းခြင်းအခမ်းအနား၊ ဌာနဆိုင်ရာပြခန်းများ၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ပေးသွားမည့် အစီ အစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် ဖြည့် စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခမ်းအနားများအလိုက် အုပ်ချုပ်ထောက်ပံ့မှုအတွက် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း နိုင်ရေးနှင့် လိုအပ်သည်များကို ချိတ်ဆက်ညှိနှိုင်း၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


