မြစ်ကြီးနား ဒီဇင်ဘာ ၇
ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ သတ်မှတ်လမ်းကြောင်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးများ/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ပြည်နယ်ပြည်သူ့ အားကစားကွင်း၊ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ စတင်တာလွှတ်ခဲ့ကြပြီး ရုံးကြီးလမ်းမှတစ်ဆင့် သခင်နက်ဖေလမ်း၊ မီးသတ်မီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီး၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ် လမ်း၊ ရုံးကြီးလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ပြည်နယ်ဘောလုံးကွင်း အတွင်း ဝင်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဘောလုံးကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ အမှတ်(၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်၍ အိမ်အသုံးအဆောင်ပစ္စည်း များကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲအဖြစ် မီတာ ၁၀၀ ၊ မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်၌ ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အခြေခံပညာအထက် တန်းအဆင့်သင် ဆရာ/ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ သို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် Grade-12 အောင် ချက်မြင့်မားရေးအတွက် ယခုသင်တန်းသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍ သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေးအတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးရန်နှင့် လက်တွေ့ခန်းသုံးသင်ခန်းစာများကို ထိရောက် စွာသင်ကြားနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား/ကျောင်းသူများကို ပြန်လည်သင်ကြား ရာတွင်လည်း လွတ်လပ်တက်ကြွစွာ သင်ယူနိုင်ရေးအတွက် လိုအပ်ချက်များကို နားလည်သဘော ပေါက်ရန်၊ သင်ကြားရမည့်ဘာသာရပ်နှင့် ပတ်သက်၍ ခိုင်မာသော အသိပညာများရရှိရန်၊ ဝေဖန်ပိုင်း ခြားစဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေပြီး ပြင်ဆင်ပေးနိုင်သည်အထိ ရည်မှန်းကာ လက်တွေ့ဘဝတွင် အသုံးချနိုင်ရန်နှင့် ကျင့်သုံးဆောင်ရွက်နိုင်ရေး သင်ကြားပေးသွားရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်တွင် ဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းဖြင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်အောင် မြင်ရေးအတွက် အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ရေး ဆွေးနွေးပွဲဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ သင်ကြားဆွေးနွေးသွားမည့် ဆရာ၊ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်၌ (၂)ရက် ဖွင့်လှစ်သွားမည့် အဆိုပါ သင်ထောက်ကူဆွေးနွေးပွဲသင်တန်းအတွက် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ သိပ္ပံဓာတ်ခွဲခန်းများအတွင်း ဘာသာရပ်အလိုက်အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်း သူ (၄၁၆)ဦးနှင့် ကိုယ်ပိုင်ကျောင်းများမှ (၁၃)ဦးတို့အား ပါမောက္ခဌာနမှူးများက စာတွေ့/ လက်တွေ့ ဆွေးနွေးသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု









