မြစ်ကြီးနား ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပင်းဘောတိုက်နယ်ကျေးရွာများ နှင့် နမ္မတီးဒေသ မြတောင်ကွင်းများအတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆီထွက်သီးနှံအပါ အဝင် ဆောင်းသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မား ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း တောင်သူ ဦးစိုးထက်ဦး၏ နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွားကောင်ရေ (၂၆)ကောင်အား စီးပွားဖြစ် မွေးမြူအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် ခြံဝင်းအတွင်း မျှစ်ချိုဝါးများစိုက်ပျိုး အောင်မြင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည် နည်းပညာနှင့် ပံ့ပိုးငွေများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခမဲ့ ပံ့ပိုးပေးသော မွေးမြူရေးအထောက်အကူပြု ဆေးဝါးများနှင့် စွမ်းအား ပြည့်ဖြည့်စွက်ရောစပ်အစာအိတ်များကို ပံ့ပိုးပေးအပ်ခဲ့သည်။
ဆက်လက်၍ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ဖြင့် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် မွေးမြူရေး တောင်သူ ဦးမောင်နိုင်၊ ဒေါ်လှလှနွယ် မိသားစုပိုင်ခြံဝင်းနှင့် ဦးပြည့်ဖြိုး အောင်၏ ခြံဝင်းအတွင်းရှိ အသားတိုးဝက်မွေးမြူရေးခြံများ၌ စီးပွားဖြစ် ဝက်ကောင်ရေ (၁၈၀)ကျော် မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ အဆိုပါကျေးရွာအတွင်း ဦးသိန်းဝင်း မိသားစု တစ် ပိုင်တစ်နိုင်ဆောင်ရွက်လျက်ရှိသည့် “ဝင်း” မိသားစု ဆီစက်၌ ပဲ၊ နှမ်း၊ ပဲပုတ် စသည့် ကုန်ကြမ်းများ ဖြင့် စားဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဆီစက်များ အဆင့််မြင့် တင်ခြင်း၊ အသစ်တည်ထောင်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေး နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ အခမဲ့ပံ့ပိုးပေးသော မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် စွမ်းအားပြည့် ဖြည့်စွက် ရောစပ် အစာအိတ်များကို ပံ့ပိုးပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပင်းကြိုင်းကျေးရွာ၊ ပင်းကြိုင်းရေလွှဲ ဆည်သို့သွားရောက်ပြီး အဆိုပါ ရေလွှဲဆည်မှတစ်ဆင့် အကျိုးပြုလယ် ၆၀၀ ဧကအတွက် စိုက်ပျိုး ရေလုံလောက်စွာ ရရှိရေး ရေလွှဲဆည်အပါအဝင် တူးမြောင်းမကြီးနှင့် လက်တံတူးမြောင်းများအား လာမည့်ဘဏ္ဍာနှစ်အတွင်း ပြုပြင်/ဖောက်လုပ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပင်လုံကျေးရွာ အနီး ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် ပင်လုံကွင်းအတွင်းရှိ မိုးစပါးစိုက်လယ်မြေများအတွင်း စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ရေဆင်း ပိုမိုကောင်းမွန်ရေးအတွက် လမ်းဝဲဘက်အခြမ်းရှိ ရေဆင်းတူးမြောင်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြေသားမြောင်းအဆင့်မြင့်တင်တူးဖော်နိုင် ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပင်လုံကျေးရွာအတွင်းရှိ ပင်လုံကွင်း၊ ကွင်းအမှတ် (၁၆၅)အတွင်း တောင်သူများ နှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ် မှုနှင့် ဆန်ဖူလုံမှုူရှိသော်လည်း စားဆီဖူလုံမှုအနေဖြင့် ၄၀ ရာခိုင်နှုန်းကျော်သာရှိသည့်အတွက် တစ်နှစ် လျှင် စားဆီတန်ချိန် (၇၀၀၀)ကျော်အား အခြားဒေသမှ မှာယူတင်သွင်းစားသုံးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ဒေသတွင်း လယ်များ၌ မိုးစပါးပြီးနောက် ဆီထွက်သီးနှံအား သီးထပ်အဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်ပါက ဒေသတွင်း စားဆီဖူလုံလာမည် ဖြစ်ပါကြောင်း၊ ယနေ့ သီးထပ်စိုက်ပျိုးစွမ်းအား တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် သီးထပ်စိုက်ပျိုးမှု တိုးချဲ့ဆောင် ရွက်နိုင်ရေး မိမိတို့အစိုးရအဖွဲ့မှ ရင်းနှီးမတည်ပေးမှု၊ ဌာနဆိုင်ရာများ၏ နည်းပညာပံ့ပိုးမှု၊ တောင်သူ များ၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံအောင် ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပင်းဘောတိုက်နယ်အုပ်စု၊ ရပ်မိ/ ရပ်ဖ ဦးကျော်မြင့်က ကျေးရွာများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လမ်း၊ တံတား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ဒေသခံတောင်သူများနှင့်အတူ ပင်လုံကွင်းမှ နှစ်စဉ် မိုးစပါးနှင့် သီးထပ်စိုက်ပျိုးထုတ်လုပ်နိုင်သည့် အခြေအနေများ၊ ယခုနှစ် စိုက်ပျိုး ရာသီအတွက် သီးထပ်စိုက်ဧက လျာထားချက် ၁၀၀ ဧကမှ ဧကပေါင်း ၁၅၀ အထိ တိုးချဲ့ စိုက်ပျိုးနိုင် ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ စသည့် သွင်းအားစုများနှင့် ထယ်ရေးအချိန်မီ ဝင်ရောက် နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လယ်သီးထပ်အတွက် တောင်သူများထံ နေကြာမျိုးစေ့အိတ်များကို ပံ့ပိုးပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့ (၂)မိုင်ရပ်ကွက်အတွင်း ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ငွေကျပ်သိန်း (၅၀၀)မတည်ရင်းနှီးပေးမှုဖြင့် ပဲငပိ၊ ငရုတ်ချဉ်၊ မာလာရှမ်းကောအနှစ်၊ ဆီတိုဘူး စသည့် စားသောက်ကုန်များ ထုတ်လုပ်ဖြန့် “အိလေး” စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက်သည့်နေရာ၌ ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းတိုးချဲ့ကြိတ်ခွဲဆောင်ရွက်မည့် လုပ်ငန်းသုံးစက်အသစ်များ ဝယ်ယူစု ဆောင်းထားရှိမှု၊ အသင့်စားပဲငပိနှင့် ငရုတ်သီးဆားစိမ်များ သိုလှောင်ထားရှိမှုတို့ကို လှည့်လည့်ကြည့် ရှုအားပေးခဲ့ကြပြီး စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သည်များကို ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျွန်းပင်သာကျေးရွာ၊ မိုးစပါးစိုက် နွယ်နီကွင်းအတွင်း တောင်သူ ဦးမြင့်ဖေ၏ လယ် (၂၅)ဧကပေါ်တွင် လယ်သီးထပ် ဆောင်းသီးနှံ ပန်းနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည့်ကြည့်ရှုစစ်ဆေးကာ ရွက်ဖျန်းအားဆေးအိတ်များကို ပံ့ပိုးထောက်ပံ့ပေးအပ်ခဲ့ပြီး နမ္မတီးဒေသအတွင်းရှိ နန့်လှိုင်ကျေးရွာ အနီး မြတောင်ကွင်းအတွင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် တောင်သူတွေ့ဆုံပွဲသို့ တက်ရောက်ကာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းမှု အခြေအနေများနှင့် စံကွက်စပါးထွက်ရှိမှု အခြေ အနေများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါလယ်ကွင်းအတွင်း ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီး ချုပ်က မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်များပေါ်တွင် ဆီထွက်သီးနှံ သီးထပ်စိုက်ပျိုးရေး အတွက် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးနှင့် စိုက်ဧက တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းစေရေး လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက ကွင်းအတွင်း သီးထပ်လျာထား ဧက ၁၀၀ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေး၊ ထယ်ရေးအချိန်မီ ဝင်ရောက်ပေးနိုင် ရေးနှင့် လယ်ရေဝပ်မှုအား လက်တံတူးမြောင်းများ ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး စသည့် လိုအပ်ချက်များ တင်ပြမှုများအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ သီးထပ်စိုက်ပျိုးရေးအတွက် တောင်သူများထံ နေကြာမျိုးစေ့ အိတ်များကို ပံ့ပိုးပေးအပ်ခဲ့ကြကြောင်း သိရသည်။