မြစ်ကြီးနား နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့ နယ်များ စုပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဝန်ထမ်းသား/သမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် အငြိမ်းစာဝန်ထမ်းများအား ဂုဏ်ပြုချီး မြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဒို့ GA သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများသည် အစိုးရကို တာဝန်ခံပြီး နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် များ၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့်အညီ ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့အကျိုး စီးပွားကို ဦးဆောင်ရွက်ကြသည့်သူများပင် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်များကို အတတ်နိုင်ဆုံး ရိုင်းပင်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ လုံခြံရေးအသိ၊ သတိရှိကြရန်နှင့် ဝန်ဆောင်မှုပေးရာတွင်လည်း ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် အဂတိတရားကင်းရှင်းရေးကို ရှေးရှု ပြီး အစဉ်အလာကြီးမားသည့် ဌာန၏ သမိုင်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင် မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဝန်ထမ်းများ၏ ရိုးရာအကအလှများဖြင့် ဖျော် ဖြေတင်ဆက်မှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်း မှတ်တမ်းဗီဒီယိုဖွင့်လှစ်ပြသမှု များကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများ ကို လည်းကောင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ဝန်ထမ်းများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က အငြိမ်းစားထွေ/အုပ်ဝန်ထမ်းကြီးများနှင့် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။






