ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်အား စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ကော်မရှင်အရာရှိ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲစာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေး၊ ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး မဲဆန္ဒရှင်စာရင်းအား တတိယအကြိမ် အတည်ပြုကပ်ထားကြေညာနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ကြေညာဘုတ်တွင် ကပ်ထားကြေညာလျက်ရှိသည့် အခြေအနေများကို   ကြီးကြပ်စစ်ဆေးပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည် နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် စီတာပူရပ်ကွက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌လည်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အတည်ပြုကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားပေးခဲ့ ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။